Home
မြန်မာသတင်း
ရေးမြို့တွင် ပရဟိတလူငယ်အား ဓားဖြင့်ထိုးသတ်ခဲ့သူ ၁ ဦးကို ရဲက ဖော်ထုတ်ဖမ်းဆီး
DVB
·
July 16, 2020
108158171_396906884603651_1368922866899758564_n
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ပရဟိတ လူမှုရေးအသင်းဝင် အသက် ၂၆ နှစ်အရွယ် လူငယ် မောင်ကျော်ဇင်မိုး (ခ) ချစ်မိုးကို သတ်သွားတဲ့ တရားခံလို့ စွပ်စွဲခံရသူတစ်ဦးကို  ရဲတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၁၅ ရက်နေ့ညက ဖမ်းဆီးလိုက်ပါတယ်။ မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပြီး ပတ်ဝန်ကျင်းသက်သေတွေကို စစ်ဆေးရာမှ အသတ်ခံရထားသူ ကျော်ဇင်မိုး (ခ) ချစ်မိုး လဲကျရာ နေရာသို့ ပထမဆုံး ရောက်ရှိနေသူ လင်းလင်း၊ ထက်အောင်၊ သီဟစိုး တို့ကို အကြိမ်ကြိမ် စစ်ဆေးရာမှ မျက်မြင်သက်သေ လင်းလင်းရဲ့ ထွက်ဆိုချက်အရ ထက်အောင်က ဓားဦးချွန်နဲ့ သတ်ခဲ့တာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဇူလိုင် ၇ ရက်နေ့ ညက ချစ်မိုးဟာ အစ်ကိုဝမ်းကွဲတော်စပ်သူ ထက်အောင်က အရက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲပြီး အမူးလွန်နေရာက ငွေကျပ်  ၅၀၀၀ ချေးငှားလို့ မရတဲ့အတွက် ထက်အောင် က ဓားဦးချွန်နဲ့ လည်ဂုတ်ကို ထိုးသတ်ခဲ့တာ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။ အခုလို လူမှုရေးလုပ်ငန်း အကျိုးပြုနေတဲ့ ချစ်မိုး အသတ်ခံတာကို ရဲတပ်ဖွဲ့ဝင်တွေ ရက်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိတာကို အားရကျေနပ်မိတယ်လို့  မြို့ခံတွေက ပြောပါတယ်။ လူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရေးမြို့မရဲစခန်းမှာ ထက်အောင်ကို ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားပြီး အသေးစိတ်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ သတင်း- နေမျိုးထွဋ် ရေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024