ဈေးနှုန်းတိုးလာတဲ့ နေပြည်တော်စည်ပင်ရိပ်သာ
DVB
·
May 29, 2013
နေပြည်တော်စည်ပင်ရိပ်သာဟာ အများပြည်သူ သက်သာစွာ တည်းခိုနိုင်ဖို့ပါ။ ပထမနှစ် တွေမှာ ၃ ယောက်ပေါင်းအခန်း ၁ ခန်းကို ၄၅၀၀ ကျပ်ဆိုတော့ ၁ ယောက်ကို ၁၅၀၀ ကျသင့်ပါတယ်။ ၃ ယောက်ခန်းမှာ တယောက်တည်း တည်းရင် ၄၅၀၀ (သို့) ၄၀၀၀ ပေါ့ဗျာ။ အခုတော့ ၃ ယောက်ခန်းက ၆၀၀၀ ဆိုတော့ ၁ ယောက် ၂၀၀၀ ပါ။ ၅၀၀ တက်တာ မပြောလိုပါ။ သုံးယောက်ပေါင်းတည်းခန်းကို ၂ ဆောင်ပဲထားပြီး ကျန်အဆောင်တွေကို သီးသန့်တယောက်ခန်း ၆၀၀၀ လုပ်၍ ပေါင်းတည်းခန်း မရှိတော့ပါ။ သီးသန့် ၆၀၀၀ ခန်းပဲရှိတော့တယ်လို့ ပြောပြီး တယောက်ခန်း ထိုးပေးပါတော့တယ်။ မန်နေဂျာကို မေးတော့လည်း ပေါင်းတည်းက ပြည့်နေ တယ်။ မယုံရင် လိုက်ပြမယ်လို့ ပြောလိုက်သေးတယ်။ အဆောင်အများကြီးကို
ပေါင်းတည်း ၂ ဆောင်သာထားတော့ ကျနော်တို့လို လက်လုပ်လက်စားသမားတွေအတွက် မတတ်နိုင်တော့ ထိုင်စောင့်ရပါတယ်။ အားလုံးအဆင်ပြေအောင် ပေါင်းတည်းအဆောင် များများထားစေချင်ပါတယ်။ ဝန်ထမ်းတွေက လုပ်စားတာလား။ နိုင်ငံတော်ရဲ့ပေါ်လစီလားတော့ မပြောတတ်ပါ။ ဒီအခက်အခဲကို နိုင်ငံတော် အကြီးအကဲတွေ သိရှိပြင်ဆင်နိုင်ဖို့ ဒီဗွီဘီကတဆင့် ရင်ဖွင့်လိုက်ရပါတယ်။
ခရီးသွားပြည်သူတဦး