လူထုထောက်ခံမှုကျဆင်းနေသည့် သမ္မတထရမ့်  မဲဆွယ်ပွဲမန်နေဂျာသစ် အစားထိုးခန့်အပ်  

လူထုထောက်ခံနှုန်း ကျဆင်းနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က   သူရဲ့ ကာလရှည် မဲဆွယ်ပွဲ မန်နေဂျာကို  ဇူလိုင်လ  ၁၅ ရက်မှာ အစားထိုးလဲလှယ်လိုက်ပါတယ်။   မဲဆွယ်ပွဲမန်နေဂျာ  ဘရက်ဒ်ပါစကေး နေရာမှာ ဒုမဲဆွယ်ပွဲ မန်နေဂျာ  ဘီလ်စတက်ပီယန်ကို အစားထိုးမှာဖြစ်ပြီး  ပါစကေးကတော့ ဒစ်ဂျစ်တယ်နဲ့ဒေတာဗျူဟာပိုင်းကို အဓိကထား  တာဝန်ယူ သွားမယ်လို့ ထရမ့်က  ဆိုပါတယ်။  အချိန်အတော်ကြာ ရီပတ်ဘလီကန် ဗျူဟာဖော်ဆောင်သူ တစ်ဦးဖြစ်တဲ့ စတက်ပီယန်ဟာ   သမ္မတ ထရမ့်နဲ့ရော သမက်ဖြစ်သူ ဂျရက်ခွတ်ရှ်နာတို့နဲ့ပါ  သိကျွမ်းပြီး   ထရမ့်ရဲ့ မဲဆွယ်ပွဲမှာ ခွတ်ရှ်နာက  ပိုမို တက်တက်ကြွကြွနဲ့ ပါဝင်လာနေပါတယ်။  ဒါဟာ နိုဝင်ဘာရွေးကောက်ပွဲ မတိုင်မီ လေးလအလိုမှာ  ထရမ့်အပေါ် လူထု ထောက်ခံနှုန်း ကျဆင်းနေတာမို့ သူပြန် အရွေးခံရရေး ကျားကန်ပေးနိုင်ဖို့  လုပ်ဆောင်တာ ဖြစ်ပါတယ်။ ထရမ့်ဟာ  လူထုထောက်ခံနှုန်း ကျဆင်းနေတာနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်နေပြီး အမြင်သာဆုံးလူကို ရမယ်ရှာလိုက်တာဖြစ်တယ်လို့  မဲဆွယ်ပွဲနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက  ပြောဆိုပါတယ်။   ဒါ့အပြင် ပါစကေးဟာ ထရမ့်ရဲ့စိန်ခေါ်မှုတွေကို  ပွင့်ပွင့်လင်းလင်း ပြောတတ်သူ ဖြစ်တယ်လို့လည်း   အဲဒီသတင်းရင်းမြစ်က ထပ်လောင်းပြောဆိုပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up