A d v e r t i s e m e n t With Us

ဧရာဝတီတိုင်း ၈ မြို့နယ်တွင် ပြည်သူ့ပါတီ ရွေးကောက်ပွဲဝင်ပြိုင်မည် 

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီအနေနဲ့  ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ  ၈ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပြည်သူ့ပါတီ တိုင်းဥက္ကဋ္ဌ ဦးသီဟက ဒီဗွီဘီကို ပြောပါတယ်။ “ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ၁၉ ဦး လောလောဆယ်ဆယ် ရှိတယ်။ အဲဒါက စိတ်ဝင်စားလို့ လာပြီးတင်တာတွေရှိမယ်ဆိုရင် ကျနော်တို့က ဆက်လက်ခံမှာ ဖြစ်တဲ့အတွက်ကြောင့် ပိုလာနိုင်တယ် အနေအထားမှာရှိတယ်။” ပြည်သူ့ပါတီအနေနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ပုသိမ်၊ ကျုံပျော်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ သာပေါင်း၊ အင်္ဂပူနဲ့ မော်ကျွန်းမြို့နယ်တွေမှာ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။  ကိုယ်စားလှယ်လောင်းစာရင်း တင်ပြထားတဲ့ ၁၉ ဦးကို ယှဉ်ပြိုင်မယ့် နေရာတွေ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။  “ဗဟိုက လွှတ်တော်ကိုယ်စားလှယ်လည်း ခေါ်မယ်။ တိုင်းအဖွဲ့လည်းခေါ်ပြီး ဘယ်သူက ဘယ်နေရာပြန်ရွှေ့မယ် ဘယ်သူကတော့ ရွှေ့မယ်။ သူဖြတ်သန်းမှုကြောင့် ဘယ်နေရာမှာတော့ အရာရောက်နိုင်တယ်။ ပြည်သူ့လွှတ်တော်တို့ အမျိုးသားလွှတ်တော်တို့ဆို ဥပဒေပြုရေးတို့ လုပ်နိုင်တဲ့သူက ဘယ်လို လူမျိုးတွေဖြစ်မယ်၊ တိုင်းဒေသကြီးဆိုရင် ဒေသဖွံ့ဖြိုးရေးနဲ့ လူထုအကျိုး ကို လုပ်ဖို့အတွက် သင့်တော်တယ်၊ အဲဒီလိုမျိုးတွေ ရွေးဖို့ရှိတယ်”လို့လည်း ပြည်သူ့ပါတီ တိုင်းဥက္ကဋ္ဌ ဦးသီဟက ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၂၆ နေရာ၊ တိုင်းဒေသကြီး ၅၂ နေရာနဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာတို့ကို ယှဉ်ပြိုင်ရမှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ နေရာအများစုကို အန်အယ်လ်ဒီပါတီက အနိုင်ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော် ၁ နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော် ၃ နေရာတို့ အနိုင်ရရှိခဲ့ပါတယ်။ စည်သူမောင်မောင်

A d v e r t i s e m e n t With Us

More News
Up