Home
မြန်မာသတင်း
စောဒေးဗစ်လားအမှု တရားခံပြသက်သေများကို အပြီးသတ်စစ်ဆေး
ဇေယျာချမ်းအေး
·
July 16, 2020
ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့အမှုကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့မှာ ၁၃ ကြိမ်မြောက်ရုံးချိန်းအဖြစ် ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာ လက်ကျန်တရားခံပြသက်သေ ၃ ဦးကို အပြီးသတ်စစ်ဆေးခဲ့ပြီး လာမယ့် ဇူလိုင် ၂၃ ရက်နေ့မှာ နှစ်ဖက်အပြီးသတ်လျှောက်လဲချက်တင်ကြရမှာပါ။ အမှုအသွားအလာအရ လျှောက်လဲချက်တင်ပြီးရင် တရားသူကြီးက စီရင်ချက် အမိန့်ချမှာဖြစ်ပါတယ်။ ဒီအမှုကို ဇွန်လ ၃ ရက်နေ့မှာစတင်တရားစွဲခဲ့တာဖြစ်ပြီး အခု ၄၃ ရက်အကြာမှာ ရုပ်လုံးပေါ်လာပြီဖြစ်တဲ့အတွက် မူလခန့်မှန်းထားတာထက်စောပြီး ရက်ပေါင်း ၆၀ အတွင်း အမိန့်ချနိုင်မယ်လို့ တရားရုံးက ပြောပါတယ်။ ဇူလိုင် ၂ ရက်နေ့ ၉ ကြိမ်မြာက်ရုံးချိန်းမှာ စောဒေးဗစ်လားတို့ကို တရားရုံးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅ နဲ့စွဲချက်တင်ထားတာပါ။ ဇွန်လ ၃၀ ရက်နေ့ရုံးချိန်းမှာတော့ တရားလိုနဲ့တရားပြိုင်နှစ်ဘက် စွဲချက်တင်သင့်မတင်သင့်ကို အပြိုင်လျှောက်လဲခဲ့ကြပြီး တရားလိုရဲ့ လျှောက်လဲချက်ဟာ ခိုင်လုံတယ်လို့ တရားသူကြီးက ယူဆတဲ့အတွက် စွဲချက်တင်ခဲ့တာပါ။ သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ပါပြဋ္ဌာန်းချက်အရ ပြစ်မှုထင်ရှားရင် ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ချမှတ်ခံရမှာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024