Home
မြန်မာသတင်း
မြောင်းမြရှိ လယ်ကွင်းများ၌ သီးနှံဖျက်ရွှေခရုများ ကျရောက်နေသဖြင့် ခရုကောက်ပွဲကျင်းပ
DVB
·
July 16, 2020
108060922_893438304473847_8506529937112357886_o
107894380_893438524473825_6572054434101212960_o
109432985_893438174473860_7660747302670832541_n
109349749_893438384473839_5765153887297425430_o
107687538_893438204473857_4387112319211254157_n
107593425_893438414473836_2139927193094730552_o
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ရှိ လယ်ကွင်းတွေထဲမှာ သီးနှံဖျက်ရွှေခရုတွေ ကျရောက်နေတာကြောင့် စိုက်ပျိုးရေးဌာနက ကွင်းဆင်းပညာပေးကာ ခရုကောက်ပွဲတွေ ကျင်းပနေရတယ်လို့ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။ မြောင်းမြမြို့နယ်အတွင်းက ကံကြီးကျေးရွာအုပ်စု၊ ကံချောင်ကျေးရွာ အုပ်စု၊ သပြေချောင်ကျေးရွာအုပ်စု၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ လေးအိမ်တန်းကျေးရွာအုပ်စုနဲ့ ရန်မနိုင် ကျေးရွာအုပ်စုတွေရှိ လယ်ကွက်တွေမှာ စပါးပင်တွေကိုဖျက်ဆီးနိုင်တဲ့ ရွှေခရုတွေ ကျရောက်နေ တာပါ။ မြောင်းမြမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ငြိမ်းက  "ရွှေခရုအန္တရာယ်ကို အဓိကကြုံတွေ့ရတဲ့ နေရာတွေကတော့ အနိမ့်ပိုင်းလယ်မြေတွေနဲ့ ရေဝင်ရေထွက်‌တွေနဲ့ ထိစပ်တဲ့နေရာတွေမှာ ပိုပြီးကြုံတွေ့ရတာမို့ ဒီလိုဒေသက တောင်သူတွေအနေနဲ့ အထူးဂရုစိုက် ကြဖို့လိုပါတယ်။ သက်တမ်းနုစပါးပျိုးခင်းတွေကို အဓိကဖျက်စီးတာမို့ ပျိုးခင်းတွေကိုလည်း ကုန်းမြင့်တဲ့လယ်ကွက်တွေမှာ စနစ်တကျပျိုးထောင်ဖို့ လိုအပ်ပါတယ်။ တောင်သူတွေအနေနဲ့ အသေးစိတ် သိရှိလိုတာရှိရင် ကျနော်တို့ဌာနကို အချိန်မရွေး အကူအညီ တောင်းခံကြပါ"လို့ ပြောပါတယ်။ ဧရာဝတိုင်းမှာ မိုးရာသီစပါးကို မေလမှ ‌အောက်တိုဘာလအတွင်း စိုက်ပျိုးလုပ်ကိုင်ကြပြီး တချို့‌ဒေသတွေမှာ အခုနှစ်မိုးကြိုကာလ စပါးပင်ပျိုးထောင်ချိန်၊ စပါးပင် သက်နုချိန်နဲ့ ပျိုးပင်သက်တမ်း ၇ ရက်မှ ၁၄ ရက်သားခန့်ရှိ စပါးခင်းတွေကို ရွှေခရုတွေရဲ့ ကိုက်ဖြတ် စားသုံးခြင်းကိုခံနေရတယ်လို့ ဒေသခံလယ်သမားတွေထံက သိရပါတယ်။ မြောင်းမြမြို့နယ်၊လေးအိမ်တန်းကျေးရွာအုပ်စုမှ လယ်သမားဦးနိုင်စိုးက "ဒီရွှေခရုက ကိုက်ရင်စပါးပင်ရဲ့ပင်စည်ကိုပဲ အဓိကထားပြီး ကိုက်တော့အကိုက်ခံရတဲ့ စပါးပင်က ပြန်ရှင်ဖို့ခက်သွားပြီ ပြန်ပျိုးမယ် ပြန်စိုက်မယ်ဆိုရင်လည်း ရာသီချိန်နောက်ကျမှာ စိုးရိမ်ရတယ် ပြီးတော့မျိုးစပါး အခက်အခဲလည်းရှိတယ် ဒီထက်ပိုများလာပြီး ပိုဖျက်ဆီးတာခံရ ရင်တော့ မလွယ်ဘူး"လို့ ပြောပါတယ်။ မြောင်းမြမြို့နယ်မှာ မိုးစပါးစိုက်ပျိုးဧက ၁၆၅၇၃၈ ဧကရှိပြီး လတ်တလောဖြစ်ပွားနေတဲ့ သီးနှံဖျက်ရွှေခရုအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေအတွက် မြောင်းမြမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ကျေးရွာအုပ်စု ၆ စုကို ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး ကုစားနည်းတွေအဖြစ် စိုက်ပျိုးချိန် ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းပြောင်းလဲ စိုက်ပျိုးခြင်းစတာတွေကို အသိပညာပေး လုပ်ဆောင်နေပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ-ဘိုဘို (မြောင်းမြ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024