အများပြည်သူ ၀န်ဆောင်မှု မီဒီယာနှင့်ပတ်သက်ပြီး ဦးရဲထွဋ်ကို မေးမြန်းချက်
DVB
·
May 28, 2013
အရင်တုန်းက မြန်မာ့ရုပ်မြင်သံကြားရဲ့ ပြည်တွင်းမှာထုတ်လွှင့်တဲ့အစီအစဉ်ရော ပြည်ပကိုထုတ်လွှင့်တဲ့အစီအစဉ်မှာပါ ပရိသတ်အားပေးလက်ခံနည်းခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးဦးရဲထွဋ်က ဆိုပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ အစိုးရဟာ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကို အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ်ကိုပြောင်းလဲမယ်။ အစိုးရက မကိုင်တွယ်တဲ့ အများပြည်သူမီဒီယာတစ်ခုအဖြစ် ကဏ္ဍပေါင်းစုံကို မျှမျှတတတင်ပြပြီး ပြည်တွင်း၊ပြည်ပ ပရိသတ်တွေလက်ခံအောင်ဆောင်ရွက်မယ်လို့ ဝန်ကြီးဌာနကရည်မှန်း ထားပါတယ်။
ဒါကြောင့် နောက်ပိုင်းမှာ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကို အစိုးရကမကိုင်တွယ်တဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာဖြစ်အောင် ဆောင်ရွက်မယ့်အစီအစဉ်တွေနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးဦးရဲထွဋ်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။