ကော့သောင်းနှင့် ဘုတ်ပြင်းစစ်ဆေးရေးဂိတ်၌ မလေးရှားပြန်များ စစ်ဆေးတွေ့ရှိ
DVB
·
July 15, 2020
မလေးရှားနိုင်ငံကနေလာတဲ့ မြန်မာနိုင်ငံသား ၁၈ ဦးဟာ ဇူလိုင် ၁၃ ရက်နေ့က ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့သို့ တိတ်တဆိတ်ခိုးဝင်လာပြီး တိမ်းရှောင်နေကြောင်း နယ်စပ်စစ်ဆေးရေးဂိတ်မှ သိရပါတယ်။
အာဏာပိုင်တွေကသတင်းအရစောင့်ကြည့်နေရာမှာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးပေါင်း ၆ ဦးကို ကော့သောင်းမြို့တွင်းမှာ တွေ့ရှိပြီး ကျန်တဲ့ ၁၂ ဦးကို ဆက်လက်ရှာဖွေရာမှာ ဇူလိုင်လ ၁၄ ရက်နေ့က ဘုတ်ပြင်းမြို့စစ်ဆေးရေးဂိတ်မှာ တွေ့ရှိခဲ့ပါတယ်။
အဆိုပါ ပုဂ္ဂိုလ်တွေကို ကော့သောင်းမြို့နဲ ဘုတ်ပြင်းမြို့က Quarantine Center တွေမှာ ထားရှိပြီး ၂၁ ရက်ပြည့်တာနဲ့ သူတို့တွေကို တည်ဆဲဥပဒေတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောပါတယ်။
အခုဝင်ရောက်လာသူတွေက မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ နေသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။
သတင်း-လတ်ကိုကိုဦး