Home
မြန်မာသတင်း
မြန်မာနိုင်ငံသား ၁၁၂ ဦးကို အင်ချွန်းလေဆိပ်မှ ရန်ကုန်ကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်ပို့
DVB
·
July 14, 2020
107729252_1512308532302770_2066451226013375309_o
ကိုရီးယားသမ္မတနိုင်ငံနဲ့  တခြားနိုင်ငံတချို့မှာ  အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသား ၁၁၂ ဦးကို အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်ကို ကယ်ဆယ်ရေး လေယာဉ်နဲ့ ဒီကနေ့ညနေ  ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေတာကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံနဲ့ တခြားနိုင်ငံတချို့မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို (၁၃) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အဖြစ် မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) နဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တာပါ။ ကယ်ဆယ်ရေးလေယာဉ်မှာ ကိုရီးယားရောက်  မြန်မာနိုင်ငံသား ၃၆ ဦး၊  အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ဂျပန်၊ အီဂျစ်၊ ဒိန်းမတ်၊ ဗီယက်နမ်၊ အီရတ်၊ ဟန်ဂေရီနဲ့ ဂျာမနီနိုင်ငံတို့ကနေ ရောက်လာတဲ့  မြန်မာနိုင်ငံသား ၅၇ ဦးနဲ့  မြန်မာသင်္ဘောသား ၁၉ ဦး၊ စုစုပေါင်း ၁၁၂ ဦးတို့ လိုက်ပါသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုးမှုလုပ်ငန်းမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေတဲ့ ကိုရီးယားနိုင်ငံမှ စီးပွားရေးပညာရှင် ၁၃ ဦး၊ ဗြိတိန်နိုင်ငံမှ သံတမန်မိသားစုဝင်  ၂ ဦးနဲ့ ပြင်သစ်နိုင်ငံမှ ဝန်ထမ်း ၄  ဦး ၊ စုစုပေါင်း ၁၉ ဦး လိုက်ပါသွားကြပါတယ်။ ဓာတ်ပုံ-MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024