Home
သတင်းတို
အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ၀ ပြုနိုင်မည်
DVB
·
May 28, 2013
Myanmar democracy leader Aung San Suu Kyi and her son Kim Aris arrive to the Martyr's Mausoleum to pay their respects to the late General Aung San in Yangon
နှစ်စဉ် အာဇာနည်နေ့တွေမှသာ ၀င်ခွင့်ပြုခဲ့တဲ့ ရန်ကုန်မြို့က အာဇာနည်ဗိမာန်ကို လာမယ့် ဇွန် ၁ ရက်နေ့ကစပြီး အများပြည်သူ ၀င်ရောက်ကြည့်ရှုနိုင်ဖို့  ဖွင့်လှစ်ပေးသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင် ပန်းဥယျာဉ်နဲ့ အားကစားကွင်းဌာန တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။ [caption id="attachment_39947" align="alignleft" width="150" caption="၂၀၁၁ ဇူလိုင် ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏သားငယ် ကိုထိန်လင်းတို့ အာဇာနည်ကုန်းသို့ လာ ရောက် ဂါဝရပြုစဉ် (ဓာတ်ပုံ- ရိုက်တာ)"][/caption] အာဇာနည်ဗိမာန်ကို တနင်္လာနေ့မှအပ နေ့စဉ် မနက် ၈ နာရီ ကနေ ညနေ ၅ နာရီအထိ ဖွင့်ပေးမှာ ဖြစ်ပြီး ၀င်ကြေးကတော့ လူကြီး ၁ ယောက်ကို ကျပ် ၂၀၀၊ ကလေး ကျပ် ၁၀၀ နဲ့ နိုင်ငံခြားသား ၃ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရပါတယ်။ အာဇာနည်ဗိမာန်မှာ ၁၉၈၃ ခုနှစ် တောင်ကိုရီးယားသမ္မတနဲ့အဖွဲ့ မြန်မာနိုင်ငံကို အလည်အပတ် လာရောက်စဉ် မြောက်ကိုရီးယားတွေရဲ့ ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း အများပြည်သူ ၀င်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024