ချန်ပီယံ ခါဘစ်၏ ပွဲစဉ်ကို အလောတကြီး စီစဉ်မည်မဟုတ်သေးဟု UFC ဥက္ကဋ္ဌ ပြော

1.1K
UFC ဖိုက်တာ ခါဘစ်ရဲ့ ဖခင်ဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်ခဲ့တာကြောင့် ခါဘစ်ရဲ့ ပွဲကို အလောတကြီး စီစဉ်မှာ မဟုတ်ကြောင်း UFC ဥက္ကဋ္ဌက ကြေညာလိုက်ပါတယ်။
UFC လိုက်ဝိတ်တန်း ချန်ပီယံ ခါဘစ်ရဲ့ ဖခင်လည်းဖြစ်၊ လေ့ကျင့်ရေးနည်းပြလည်းဖြစ်တဲ့ အက်ဘ်ဒူမာနက်ဟာ ဇူလိုင် ၃ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့တာပါ။
ဒီဆုံးရှုံးမှုဟာ ခါဘစ်အတွက် အလွန်ဆိုးရွားစေပြီး UFC အနေနဲ့ စိတ်မကောင်းဖြစ်မိကြောင်း ဥက္ကဋ္ဌ ဒါနာဝှိုက်က ပြောပါတယ်။
ခါဘစ်ဟာ သူ့ရဲ့ ဖခင်ကို ဘယ်လောက်ချစ်လဲဆိုတာ သိတာကြောင့် အချိန်တစ်ခုလိုအပ်ပြီး သူ့ရဲ့ပွဲစဉ်တွေကို အလောတကြီး စီစဉ်မှာ မဟုတ်သေးကြောင်း UFC ဥက္ကဋ္ဌက ပြောပါတယ်။
ခါဘစ်ဟာ ချန်ပီယံ ကာကွယ်ပွဲအဖြစ် အမေရိကန် ဖိုက်တာ ဂျက်စတင်ဂတ်သ်နဲ့ ထိုးသတ်ဖို့ရှိတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခါဘစ်ရဲ့ ပွဲစဉ်ကို ဘယ်အချိန်မှာ ထိုးသတ်မလဲဆိုတာ ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။
UFC ပွဲစဉ်တွေကို ယူအေအီးနိုင်ငံ အဘူဒါဘီမှာ ၃ ပွဲ ကျင်းပမှာဖြစ်ပြီး ဇူလိုင် ၁၆၊ ၁၉ နဲ့ ၂၆ ရက်တွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။