A d v e r t i s e m e n t With Us

အင်္ဂပူမြို့နယ်အတွင်း သစ်တောကျူးနေအိမ်များကို ဖယ်ရှားခိုင်းမည်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းက သစ်တောဧရိယာထဲမှာ နေအိမ် တည်ဆောက်နေထိုင်နေတဲ့ သစ်တောကျူးတွေကို ဖယ်ရှားခိုင်းတော့မယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။ အင်္ဂပူမြို့နယ်အတွင်း ပုသိမ်-မုံရွာအဝေးပြေးလမ်းမပေါ်ရှိ ကျောင်းကွင်းအုပ်စု ကျောက်ပြင်စမ်းနဲ့ ကျွဲဆင်းအုပ်စုအတွင်းရှိ သစ်တောဧရိယာအတွင်းရှိ နေအိမ်တွေကိုဖယ်ရှားဖို့ စတင်လုပ်ဆောင်နေလို့ အင်္ဂပူမြို့နယ်သစ်တောဦးစီးဌာန တောခေါင်းဦးဇော်မင်းထွန်းက ပြောပါတယ်။ "ကျနော်တို့ ဒီဘက်က လက်ရှိ ၁၅ အိမ်ပေါ့၊ တောအုပ်ကြီးကဦးဆောင်ပြီး ကျူးတွေဖယ်ဖို့ လုပ်နေတာပါ။ ပထမဆုံးအနေနဲ့ သူတို့ကို နေလိုမရဘူး စတဲ့ ဥပဒေကြောင်းတွေရှင်းပြပါတယ်။ နောက်ပိုင်း သူတို့ကိုရုံးမှာ ခေါ်စစ်မယ်လေ၊ ပြီးရင်တော့ လူကြီးတွေ ဘယ်လိုလုပ်မယ်ဆိုတာတော့ မသိရသေးဘူးပေါ့” လို့ ဒီဗွီဘီကိုပြောပါတယ်။ သစ်တောဧရိယာအတွင်း နေထိုင်နေတဲ့သူတွေကို ၂၀၁၃ အထိ သစ်တောဦးစီးဌာနက စာရင်းကောက်ပြီး နေထိုင်နိုင်အောင် စီစဉ်ဆေင်ရွက်ခဲ့ဖူးပါတယ်။ ၂၀၁၃ နောက်ပိုင်းနေထိုင်နေတဲ့ သစ်တောကျူးတွေကိုတော့ ဥပဒေကြောင်းအရအရေးဖို့ရှိနေတာပါ။ ကျွဲဆင်းကျေးရွာအုပ်စုတွင်းက တိုင်တရားကျေးရွာ ရာအိမ်မှူး ဦးစိုးမင်းထွန်းက "သစ်တောကျူးတွေကို ကျနော်တို့အနေနဲ့ မိုးတွင်းမိုးအခါနေဖို့ အသနားခံစာတင်ခိုင်းထားပါတယ်။ အခုချိန်ရွှေ့ပြောင်းဖို့လည်း ခက်တယ်လေ၊ သူတို့အစနေပကတည်းက နှင်ရမှာ၊ ခုတော့ အိမ်တွေတောင် များလာပြီလေ။ လူကြီးတွေသိအောင်တော့ သနားခံတင်ပြဖို့ စီစဉ်ပါတယ်" လို့ ပြောပါတယ်။ အင်္ဂပူမြို့နယ်အတွင်းက သစ်တောကျူးများစုဟာ ဝါးခုတ်၊ သစ်ခုတ်၊ တောင်ယာ လုပ်ကိုင်သူတွေ အများစု စုပေါင်းနေထိုင်နေကြတာပါ။ အချို့သစ်တောကျူးတွေကတော့ သစ်တောဧရိယာအဖြစ်ကနေ ပယ်ဖျက်ပြီး ပြည်ထဲရေးအမည်ပေါက်အဖြစ် ကျေးရွာတွေလည်း ရှိနေပါပြီ။ အင်္ဂပူမြို့နယ်တွင်းမှာ သစ်တောကျူးနေအိမ်ပေါင်း ရာနဲ့ချီ တည်ရှိနေတာပါ။ သန်းထိုက်မြင့်

A d v e r t i s e m e n t With Us

More News
Up