A d v e r t i s e m e n t With Us

Facebook တွင် နိုင်ငံရေးကြော်ငြာများ ပိတ်ရန် စီစဉ်နေ

Facebook ကုမ္ပဏီဟာ သူရဲ့လူမှုကွန်ရက်ဝက်ဘ်ဆိုက်မှာ နိုင်ငံရေးကြော်ငြာတွေကို ပိတ်ပင်သွားဖို့ စဉ်းစားနေပါတယ်။  ဒါဟာ လာမယ့် နိုဝင်ဘာလ ၃ ရက် အမေရိကန် ရွေးကောက်ပွဲတွေ အကြိုမှာ ဖြစ်တယ်လို့ ဘလွန်းဘာ့ခ်သတင်းကလည်း ဖော်ပြပါတယ်။  ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆန်ပါ တယ်။  လာမယ့်ရွေးကောက်ပွဲမှာ အဓိကပြိုင်ကြမယ့် ရီပတ်ဘလီကန်ပါတီက လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ဂျိုးဘစ်ဒန်တို့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့တွေကလည်း မှတ်ချက်မပေးကြပါဘူး။ Facebook ဟာ သမ္မတအပေါ် ရန်လိုတဲ့အရေးအသားပို့စ်တွေ မတင်ဖို့ မကြာသေးမီ ရက်သတ္တပတ်များကလည်း ပိတ်ပင်ခဲ့တာကို လွှတ်တော်အမတ်တွေနဲ့ ကုမ္ပဏီအလုပ်သမားတွေက ဝေဖန်ခဲ့တာလည်း ရှိပါတယ်။  လူထုလှုပ်ရှားမှုအဖွဲ့တွေက စီစဉ်တဲ့ ဖေ့စ်ဘွတ်ခ်ကို သပိတ်မှောက်ကြောင်း ထုတ်ပြန်ချက်မှာ ကြော်ငြာရှင် ၉၀၀ ကျော်ကလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။  Facebook လူမှုကွန်ရက်ပေါ်မှာ အမုန်းစကားနဲ့ သတင်းမှား ဖြန့်ချိမှုတွေ ရှိတာကို လက်တွေ့ကျကျ ကိုင်တွယ်ပေးဖို့ သူတို့က ဖိအားပေးခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up