A d v e r t i s e m e n t With Us

ဝါးခယ်မမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အားလုံး ပါတီတာဝန်မှ ရပ်နားခံရ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် NLD ပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင်အားလုံး အကြောင်းပြချက် တစုံတရာမရှိဘဲ တာဝန်တွေက ရပ်နားခံခဲ့ရတယ်လို့ ပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးအောင်ကြွယ်က ပြောပါတယ်။ "ပါတီဗဟိုကထုတ်ပြန်တဲ့စာတော့ ခုအချိန်အထိ ကျနော်တို့လက်ထဲကို မရောက်သေးဘူး၊ ခရိုင်ဥက္ကဋ္ဌပြောမှ သိရတာပါ။ ဘာကြောင့်အရေးယူတယ်၊ တာဝန်က ရပ်နားတယ်ဆိုတာလည်း မသိရသေးဘူး။ ဒီလုပ်ရပ်ဟာ အခုလိုရွေးကောက်ပွဲ နီးတဲ့အချိန်မှာ မြို့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေသလို ပါတီရဲ့အောင်နိုင်ရေးအတွက်လည်း ထိခိုက်နိုင်ပါတယ်။" ဝါးခယ်မမြို့နယ် NLD ပါတီအလုပ်အမှုဆောင် ၂၁ ဦးကို ပါတီတာဝန်တွေက ရပ်နားဖို့ အမိန့်ကို ဇူလိူင် ၂ ရက်နေ့က ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်အဝေး ဆုံးဖြတ်ချက်နဲ့ ထုတ်တာဖြစ်နိုင်တယ်လို့ ပါတီတွင်းပြောဆိုဝေဖန်တာတွေ လည်း ရှိနေပါတယ်။ ဝါးခယ်မမြို့နယ် NLD ပါတီ၏ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသောင်းမြင့်က "ကျနော်တို့ ဘာပြစ်မှုမှမကျူးလွန်ခဲ့ဘူး၊ ပါတီဗဟိုရဲ့မူဘောင်တွေ ထုတ်ပြန်ချက်တွေ ညွှန်ကြားချက်တွေကိုလည်း လိုက်နာခဲ့ပါတယ်။ ကျနော်တို့အဖွဲ့ဟာ အရေးယူခြင်းလည်း မခံရဘူး၊ စုံစမ်းစစ်ဆေးလောက်တဲ့ ပြစ်မှုလည်းမကျူးလွန်ခဲ့ပါဘူး။ ဒါကိုပါတီဗဟိုကနေ အခုလိုအရေးယူတာ တရားမျှတမှုရှိပါသလားဆိုတာ လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် သိပါစေ" လို့ ပြောပါတယ်။ တာဝန်တွေက ရပ်နားခံခဲ့ရတဲ့ ဝါးခယ်မမြို့နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်တွေကတော့ ပါတီဗဟိုနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ-ဘိုဘို (မြောင်းမြ)

A d v e r t i s e m e n t With Us

More News
Up