Home
မြန်မာသတင်း
အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ 
ညီငယ်
·
July 13, 2020
ဇူလိုင် ၁၃ ရက်နေ့မှာ ကျင်းပမယ့် (၁၇) ကြိမ်မြောက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကိုတက်ရောက်ကြမယ့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အ​ထောက်အကူပြုအဖွဲ့ဝင်​တွေ စုပေါင်း ၄၆၂ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိကြောင်း  ကျန်းမာ​ရေးနဲ့အာကစားဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ "ခါတိုင်းလည်း အဲလိုဘဲ​လေ။ သတင်း​တွေက အကုန်အမှန်ဘဲ​လေ။"လို့ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်တစ်ဦးက ဒီဗွီဘီကို​ ပြောပါတယ်။  နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်ဧည့်ရိပ်သာ (၂)မှာ ဇူလိုင် ၁၁ ရက်ရက် မနက်က  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ စုစုပေါင်း ၄၅၂ ဦးနဲ့ အထောက်အကူပြုအဖွဲ့ဝင် ၁၀ ဦး၊  စုစုပေါင်း ၄၆၂ ဦးကို ဓာတ်ခွဲနမူနာယူစစ်​ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးမ​တွေ့​ကြောင်း စစ်​ဆေးချက် အ​ဖြေထွက်လာတာဖြစ်ပါတယ်။ အမျိုးသားလွှ​တ်တော်ကိုယ်စားလှယ် ​ဒေါ်သီရိရတနာက​ "အခုလတ်တ​လောက ပြည်​တော်ပြန်​တွေဝင်တာများတယ်။ ပြည်​တော်ပြန်​တွေကို သွားအား​ပေးရတာရှိတယ်။ သွားကြိုဆိုရတာရှိတယ်။ အဲလိုမျိုး​တွေရှိခဲ့တဲ့အတွက် ဘာဘဲဖြစ်ဖြစ်​ပေါ့​နော်...ပြီး​တော့ Slient Carrier​တွေဟာ တချို့ Case​တွေမှာ ရှိ​နေတဲ့အတွက် ကျမတို့ကလည်း​ နေရာအနှံ့​ လျှောက်သွား​နေတဲ့သူ​တွေဖြစ်တဲ့​ကြောင့်မလို့ စိုးရိမ်စိတ်ဖြစ်မိတာ​တော့အမှန်ဘဲ။ အခု​တော့ အခုAll Negative ဖြစ်တယ်လို့ကြားတဲ့အတွက်​ကြောင့်မို့လို့ အတိုင်းမသိဝမ်းသာပါတယ်။”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နေပြည်တော်က ၁၆ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေကျင်းပချိန်ကလည်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ မေလကုန်ပိုင်းက စစ်ဆေးခဲ့ရာမှာ တစ်ယောက်မှရောဂါပိုးမတွေ့ခဲ့ဘဲ အခု (၁၇) ကြိမ်မြောက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွေ တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို ဒုတိယအကြိမ်ထပ်မံစစ်ဆေးတာဖြစ်ပါတယ်။  ဇူလိုင်လ ၁၃ရက် တနင်္လာနေ့ မနက် ၁၀ နာရီမှာ ကျင်းပမယ့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို အမျိုးသားလွှတ်တော်တွေ ကိုယ်စားလှယ်တွေရဲ့ မေးခွန်းမေးမြန်းတာအပါအဝင် အစီအစဉ် ၁၀ ခုနဲ့ကျင်းပသွားမှာဖြစ်ပါတယ်။ အလားတူ ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကိုလည်း တချိန်တည်းကျင်းပသွားမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်တွေကိုယ်စားလှယ်တွေရဲ့ မေးခွန်းမေးမြန်းတာအပါအဝင်အစီအစဉ် ၉  ခုနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024