DVB Logo
Home
မြန်မာသတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေး ကျင်းပ
DVB
·
May 27, 2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေး ကျင်းပ
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးမှာ အဓိကအားဖြင့် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ မူးယစ်ဆေးဝါးကိစ္စနဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို အလေးထား တင်ပြကြတယ်လို့ အဖွဲ့ချုပ်ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တင်သွင်းခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားခဲ့တာနဲ့ ပတ်သက်ပြီး ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အဓိက ဖြေကြားတာက မူးယစ်ဆေးဝါးကိစ္စ။ ပြည်နယ်နဲ့ တိုင်းတွေက တင်ပြတယ်။ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်ဖောက်ကားမှုက ဒီနှစ်တွေအတွင်းမှာ တိုးတက်များပြားလာတယ်။ အရေးယူမှုလည်း အားနည်းတယ်၊ ဒါတွေကို တင်ပြတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မူးယစ်ဆေးဝါး ဒီလိုဖြစ်နေရင်တော့ ဒီမိုကရေစီရေးရော၊ ဥပဒေရေးရော၊ တိုင်းပြည်တိုးတက်ရေးရော၊ နောက်ကျ ကျန်တော့မှာပဲ၊ အလေးအနက် စဉ်းစားကြဖို့ ပြောပါတယ်။”

ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ ဒီနေ့အစည်းအဝေးမှာ တိုင်းနဲ့ ပြည်နယ်အသီးသီးက နယ်မြေအလိုက် အစီရင်ခံစာ စာတမ်းတခုစီ တင်သွင်းကြပါတယ်။

ဆွေးနွေးပွဲမှာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အပြောင်းအလဲတွေ နည်းပါးကြောင်း ပြောကြားပါတယ်။

“ကျမတို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်သွားနေတယ်လို့ ပြောပါတယ်။ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်သွားဖို့ဆိုတာက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမှာ ပါဝင်နေသူတွေအားလုံး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနိုင်မှ အောင်မြင်နိုင်မှာပါ။ ပြုပြင်ပြောင်းလဲရေးဆိုတာ အပြောနဲ့တင် မပြီးပါဘူး။ ပြုပြင်ပြောင်းလဲရေးလို့ ကျမတို့ ပြောခဲ့တာ သုံးနှစ်လောက်ရှိပါပြီ။ သေချာစဉ်းစား စမ်းသပ်ကြည့်ရင် အင်မတန်နည်းတယ်။ တကယ့်ပြုပြင်ပြောင်းလဲရေး ထိရောက်တယ်လို့ ပြောနိုင်ဖို့ဆိုရင် ပြည်သူတွေရဲ့ဘ၀ဟာ တိုးတက်ရမှာပါ။ ပြည်သူတွေဘ၀ တိုးတက်ရေးအတွက် အဖွဲ့ချုပ်က ဘာတွေလုပ်မလဲ၊ ဘယ်လောက်အထိ စွမ်းဆောင်နေပြီလဲဆိုတာ အားလုံး ပြန်သုံးသပ်ဖို့ လိုအပ်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013