DVB Logo
Home
မြန်မာသတင်း
ဂျပန်က မြန်မာ့စက်မှုကဏ္ဍအပေါ် အများဆုံးရင်းနှီးမြှုပ်နှံဖွယ်ရှိ
DVB
·
May 27, 2013
ဂျပန်က မြန်မာ့စက်မှုကဏ္ဍအပေါ် အများဆုံးရင်းနှီးမြှုပ်နှံဖွယ်ရှိ
Donate to DVB

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ခရီးစဉ်ကြောင့် မြန်မာ့စက်မှုကဏ္ဍအပေါ် ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုက အများဆုံးဝင်ရောက်လာမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဂျပန်ဝန်ကြီးချုပ်နဲ့အတူလိုက်ပါလာတဲ့ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံရဲ့ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းနဲ့ သီလ၀ါအထူးစီးပွားရေးဇုန်တို့အပေါ် အဓိကစိတ်ဝင်စားမှုရှိတာ တွေ့ရပါတယ်။ ဒါကလည်း သူတို့အနေနဲ့ ဒီအပေါ်မှာ အဓိကထားပြီး လုပ်ရတဲ့အကြောင်းကတော့ ဂျပန်တွေက စက်မှုကဏ္ဍဖြစ်တဲ့ ကုန်ထုတ်လုပ်မှုအပိုင်းမှာ ပိုပြီးအားသန်တာကြောင့်ပါ။ ပြီးတော့ ကျနော်တို့ဆီ ဆက်သွယ်ပြီး ဆောင်ရွက်နေတဲ့ ဂျပန်စီးပွားရေးအဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ ရင်းနှီး မြှုပ်နှံမှု အလားအလာက ကျနော်တို့ရဲ့ စက်မှုကဏ္ဍအပေါ်မှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံးဝင်လာလိမ့်မယ်” လို့ ပြောပါတယ်။

[caption id="attachment_39912" align="alignleft" width="300" caption="ဂျပန်ဝန်ကြီးချုပ် သီလ၀ါဆိပ်ကမ်းကို သွားရောက်လေ့လာစဉ်"][/caption]

ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်နိုင်ရေးအတွက် မြန်မာနှင့်ဂျပန် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ရေးထိုးထားပြီးဖြစ်ကြောင်းနဲ့ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက အများအပြားဝင်လာဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဂျပန်ဝန်ကြီးချုပ်က သူ့ရဲ့ခရီးစဉ်မှာ ဂျပန်-မြန်မာနှစ်နိုင်ငံ နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့် ရလဒ် win-win situation ပေါ်ထွက်လာစေဖို့ ဂျပန်အစိုးရက နှစ်နိုင်ငံစီးပွားရေးဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် တွန်းအားပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်-မြန်မာ စီးပွားရေးဆက်ဆံမှုအခြေအနေမှာ လက်ရှိတွင် ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းထဲမှာ အဆင့် ၁၁ နေရာမှာရှိနေပြီး ကုန်သွယ်ဘက် နိုင်ငံများစာရင်းမှာတော့ အဆင့် ၆ နေရာမှာ ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏကတော့ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၂၇၀ ဒဿမ ၂ သန်းကျော်ရှိတဲ့အနက် ကုန်ထုတ်လုပ်မှုကဏ္ဍအပေါ်မှာ အများဆုံး ရင်းနှီးမြှုပ်နှံထားတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013