DVB Logo
Home
မြန်မာသတင်း
ယာဉ်မတော်တဆမှုများလျော့နည်းရန် နားနေစခန်းများ တိုးချဲ့မည်
DVB
·
May 27, 2013
Donate to DVB

ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအမြန်လမ်းမတလျှောက်မှာ ယာဉ်မတော်တဆမှုတွေ လျော့နည်းနိုင်သမျှလျော့ နည်းအောင်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက နောက်ထပ် စားသောက်ဆိုင်နဲ့ယာဉ်ရပ်နား နားနေစခန်းတွေ တိုးချဲ့တည်ဆောက်ပေးတော့မှာဖြစ်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက အမြန်လမ်းမတလျှောက်မှာ စားသောက်ဆိုင်နဲ့ ယာဉ်ရပ်နားစခန်းတွေ တည်ဆောက်ပေးတဲ့ အဓိကအချက်က ယာဉ်မောင်းတွေအနေနဲ့ သူတို့ရဲ့ယာဉ်တွေကို လုံလောက်တဲ့ စစ်ဆေး၊ ပြုပြင်ချိန်ပိုရအောင်အပြင် နားနေချိန်လည်း လုံလုံလောက်လောက် ရအောင် စီစဉ်ပေးတာဖြစ်ပါတယ်။

အဲ့ဒီလိုမကြာခဏနားပေးတာကြောင့် ယာဉ်မတော်တဆဖြစ်မှုတွေကို သက်သာရာရစေမှာလို့ ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်က ရန်ကုန်-မန္တလေးအမြန်လမ်းမ ပြုပြင်ထိန်းသိမ်းရေးဌာနက အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

အခုလို ရန်ကုန်-နေပြည်တော်-အမြန်လမ်းမကြီးတလျှောက်မှာ စားသောက်ဆိုင်နဲ့ ယာဉ်ရပ်နားစခန်းတွေကို တိုးချဲ့ဆောက်လုပ်ပေးလိုက်တဲ့အတွက် ခရီးသွားယာဉ်များအနေနဲ့ မကြာခဏ အဲ့ဒီနားနေစခန်းတွေမှာမဖြစ်မနေ နားပြီး လုံလောက်တဲ့အနားယူချိန်ကိုရဖို့ လိုအပ်တယ်လို့ ဦးမျိုးမြင့်က ပြောပါတယ်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတလျှောက်ပေါ်မှာ အဖြစ်များလာတဲ့ ယာဉ်မတော်တဆမှုများနဲ့ ခရီးသည်တွေရဲ့အသက်ဆုံးရှုံးရတာတွေ၊ ဒဏ်ရာရတာတွေဟာ အရည်အသွေးမမီတဲ့ ကွန်ကရစ်လမ်းတွေကြောင့်လို ဝေဖန်တာမှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် အသွားအပြန် မိုင် ၇၀၀ ကျော်ရှိတဲ့ ရန်ကုန်ကနေ မန္တလေး အမြန်လမ်းမကြီးတလျှောက်လုံးမှာမှ ကွန်ကရစ်လမ်းရဲ့ ပျက်စီးမှုဟာ ၁ မိုင်ကျော်ကျော်လောက်ပဲ ရှိတယ်လို့လည်း သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဦးမျိုးမြင့်က “နိုင်ငံတကာမှာလည်း ကွန်ကရစ်လမ်းတွေလည်းရှိပါတယ်။ မြန်မာပြည်မှာက ကတ္တရာလမ်းပဲတွေ့ဖူးတော့ ဒါဟာ ကွန်ကရစ်လမ်းကြောင့်ဖြစ်တာလို့ ဖြစ်လာတာပါ။ ဒါက ပါလည်းပါပါတယ်။ ကွန်ကရစ်လမ်းမှာက တာယာက တော်ရုံမကောင်းရင် မောင်းရခက်ပါတယ်။ ကွန်ကရစ်လမ်းရဲ့ အပူရှိန်မြင့်လာတာကို မခံနိုင်တာတော့ ရှိတယ်။ ဒါကလည်း အနည်းအကျဉ်းလေးတခုပါပဲ” လို့ ပြောပါတယ်။

ဒါကြောင့် မကြာခင်မှာ ရန်ကုန်ကနေ မန္တလေးခရီးစဉ်တလျှောက်မှာ စားသောက်ဆိုင်နားနေစခန်း အရေအတွက်က စုစုပေါင်း ၇ ခုဖြစ်လာမှာပါ။ လောလောဆယ်တော့ ဒီအမြန်လမ်းမကြီးတလျှောက်မှာ စားသောက်ဆိုင်နဲ့ နားနေစခန်းပေါင်း အသွားအပြန် ၃ ခုသာရှိပါသေးတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီအမြန်လမ်းမတလျှောက်မှာပဲ အခမဲ့သန့်စင်ခန်းတွေ တည်ဆောက်ပေးထားတယ်လို့ သိရပါတယ်။

၂၀၁၁ ဧပြီလကနေ ၂၀၁၂ ဒီဇင်ဘာအထိ ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု အကြိမ်ပေါင်း ၁၂၀ ကျော်ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီယာဉ်မတော်တဆမှုကနေ လူပေါင်း ၁၅၀ နီးပါးဒဏ်ရာရခဲ့ပြီး သေဆုံးသူ ၁၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး Education (ပညာပေးမှု လုပ်ငန်း)၊ Engineering (လမ်းတံတားဆောက်လုပ်မှုအပိုင်း)၊ Environment  (သဘာဝ ပတ်ဝန်းကျင်)၊ Emergency Medical Care (အရေးပေါ်ကူညီကယ်ဆယ်ရေး)၊ Enforcement (လိုက်နာဆောင်ရွက်အောင် ကြပ်မတ်ထိန်းသိမ်းခြင်း) စတဲ့ 5 E စနစ်ကို နိုင်ငံတကာမှာ ကျင့်သုံးသလို ထိထိရောက်ရောက် ကိုင်တွယ် ကျင့်သုံးဖို့ လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013