A d v e r t i s e m e n t With Us

ဖားကန့် ဝှေခါကျေးရွာတွင် မြေပြိုမှုထပ်ဖြစ်နိုင်၍ နေအိမ် ၃၉ လုံး ပြောင်းရွှေ့ပေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေရွာအုပ်စု၊ ဝှေခါကျေးရွာမှာ ဖြစ်ခဲ့တဲ့ ‌မြေပြိုမှုကြောင့် မြေသားနိမ့်ဆင်းသွားတဲ့အနီး မှော်သစ်ကြီး ရပ်ကွက် ၂ က နေအိမ် ၃၉ လုံး ပြောင်းရွှေ့နေရာချပေးခဲ့ပြီး လက်မခံတဲ့အိမ် ၉ လုံးရှိနေတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အဲ့ဒီနေရာမှာ လူနေထိုင်ဖို့ အန္တရာယ်ရှိနိုင်တဲ့အတွက် လက်ရှိမှာ နေအိမ် ၇ လုံးအတွက် မြေကွက်ရော ၊ ပြောင်းရွှေ့ကြေးပါ ပေးထားပြီးပြီလို့ သိရပါတယ်။  အဲဒီနေရာမှာ လူနေထိုင်ဖို့ အန္တရာယ်ရှိတဲ့အတွက် ကုမ္ပဏီဘက်က လျော်ကြေးငွေနဲ့ အစားထိုး မြေနေရာစီစဉ် ပေးထားတယ်လို့ ဝှေခါကျေးရွာ တာဝန်ခံက ပြောပါတယ်။ ကျန်ရှိနေတာကတော့ ၉ အိမ်ရှိပြီး မြေကွက်ပေးဖို့နဲ့ လျော်ကြေးငွေးပေးဖို့ပါ ညှိနှိုင်းထားတယ်လို့ ဝှေခါကျေးရွာ တာဝန်ခံ ဦးကျော်မင်းက ပြောပါတယ်။  အိမ်ပိုင်ရှင်အချို့က အိမ်ပြင်စရိတ်ပဲပေးတာကို မလိုလားကြဘဲ အိမ်ကို အပြတ်စျေးဖြတ်ပေးပြီး မြေနေရာအစားပါ ပေးမှ ပြောင်းရွှေ့နေထိုင်လိုကြတယ်လို့ ဝှေခါကျေးရွာသား ကိုမိုးကျော်က ပြောပါတယ်။ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါမှော် (ကျောက်မျက်တူးဖော်ရေးလုပ်ကွက်) မှာ ဇူလိုင် ၁၀ ရက် ည ၁၁ နာရီလောက်ကလည်း မြေပြိုမှုထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မြေပြိုကျမှုကြောင့် ပျောက်ဆုံးသူနဲ့ အသေအပျောက် မရှိဘဲ ခကျန်နဲ့ လခူးချောင်တို့ရှိ နေအိမ်တွေ၊ လမ်းတွေလည်း ဆက်လက်မြေပြိုရာမှာ ပါနိုင်တဲ့ အနေအထား ရှိတယ်လို့ သိရပါတယ်။ ဖားကန့်မြို့နယ်၊ ဝှေခါရွာနားက ကျောက်မျက်လုပ်ကွက်ထဲမှာ ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းက မြေပြိုကျခဲ့ပြီး ရေမဆေးကျောက်ရှာသူ ၁၇၂ ယောက် သေဆုံး၊ ၅၄ ယောက် ဒဏ်ရာရပြီး ပျောက်ဆုံးနေသူတွေလည်း ရှိပါတယ်။ မြေပြိုကျမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဇူလိုင် ၅ ရက်နေ့မှာ စုံစမ်းရေးအဖွဲ့က အဲဒီနေရာတွေကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up