Live
Home
ရင်ဖွင့်စာ/ပေးစာ
ကြံခင်းထဲ ထွန်စက်ဖြင့် ၀င်ရောက်ဖျက်ဆီးနေမှု ဖြေရှင်းပေးပါ
DVB
·
May 27, 2013
ကျနော်ကတော့ ပဲခူးတိုင်း ပြည်မြို့ ထမ္မကောက် အုပ်စုမှ တောင်သူတဦး ဖြစ်ပါတယ်။ ထမ္မကောက်အုပ်စုမှာ အရင်တုန်းက မွေးမြူရေးစီမံကိန်း လုပ်တဲ့ကွင်းကြီးရှိပါတယ်။ စီမံကိန်းရပ်ဆိုင်းသွားတော့ အဲဒီကွင်းထဲမှာ ကျနော်တို့တွေ ငုပ်တွေဖော်၊ ခြုံတွေရှင်းပြီး လယ်ကွက်နဲ့ ယာကွက်တွေ ဖော်ခဲ့တယ်။ ၉၃ - ၉၄ ခုနှစ်လောက်ကပေါ့။ တပ်မ ၆၆ ကို သီးစားခ ပေးရတယ်။ ၂၀၁၀ ပြည့်နှစ်ကျတော့  လုပ်ငန်းရှင်တဦး ရောက်လာပြီး သူ့ကို သီးစားခပေးရတယ်။ တပ်မ ၆၆ က သူ့ကို ဘယ်လိုလွှဲလိုက်တာလဲဆိုတာ မသိရဘူး။ ၂၀၁၂ ခုနှစ်ကျ အကျိုးတူ လုပ်ရတယ်။ သီးစားခကို တ၀က်ပေးရတယ်။ ၂၀၁၃ ခုနှစ်ကျတော့ လုံးဝခွင့်မပေးတော့ဘူးဆိုပြီး ကျနော်တို့ စိုက်ထားတဲ့ ကြံခင်းတွေကို အဲဒီလုပ်ငန်းရှင်က ထွန်စက်နဲ့ ၀င်မောင်းပါတယ်။ ၀င်မောင်းတာ ဒါနဲ့ဆို ၂ ကြိမ်ရှိပြီ။ ပထမအကြိမ်မောင်းတုန်းက ၂ ဧက ကျော်ကျော် ပါသွားတယ်။ သိမ်းဆည်းခံ လယ်ယာမြေနဲ့အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို တိုင်စာတွေ ပို့ထားတယ်။ ဒုတိယအကြိမ် တိုင်စာကို ဖက်စ်နဲ့ပိုတော့ ကော်မရှင်က ပြည်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်က အစီရင်ခံစာ မတင်ကြောင်း ပြန်ပြောတယ်။ လွှတ်တော်အမတ်က သွားတွေ့ရင်တော့ ရှင်းပေးပါ့မယ်၊ ရှင်းပေးပါမယ်နဲ့ ခုထိမရှင်းပေးဘူး။ အဲဒီလုပ်ငန်းရှင်က ၂၄ ရက်နေ့ကျတော့ ဒုတိယ အကြိမ် ၀င်မောင်းတယ်။ ၃ ဧက နီးနီးလောက် မောင်းသွားတယ်။ အရင်တုန်းက သီးစားခပေးရတဲ့ တပ်မ ၆၆ က တာဝန်ခံကို ဖုန်းလှမ်းဆက်တော့  ဗိုလ်မှူး က ခင်ဗျားတို့က တိုင်စာပို့တာပဲ။ အဲဒီတော့ ကိုယ့်အပြစ် ကိုယ်ခံပေါ့ လို့ ပြောပါတယ်။ အဲဒီတော့ ကျနော်အဖြစ်က လွှတ်တော်အမတ်ကလည်း ဖြေရှင်းမပေးဘဲ တပ်မနဲ့ ခရိုနီက ပေါင်းပြီး လုပ်တာ ခံနေရပါတယ်။ ခုတကြိမ် ထွန်စက်မောင်းသွားတဲ့ ကြံပင်တွေက အတော်ရှည်နေပြီ။ ကျနော် မိသားစုဘ၀ကို ထွန်စက်နဲ့ နင်းသွားသလိုပါပဲ။ ကျနော်လိုပဲ ဘ၀တူ အခြားတောင်သူတွေ ရှိပါသေးတယ် ကျနော်တို့ကို ကူညီပါဦး။ ကိုမောင်ဌေး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024