အာတိတ်ဒေသ ဒီဇယ်ယိုဖိတ်မှု ရုရှားသတ္တုတူးဖော်ရေးကုမ္ပဏီ အကြပ်တွေ့

1.1K
အာတိတ်ဒေသအတွင်း ဒီဇယ်ယိုဖိတ်မှုနဲ့ပတ်သက်လို့ ရုရှားသတ္တုတူးဖော်ရေးကုမ္ပဏီ နိုရီရယ် စကင်နီကယ်အပေါ် ဖိအားတွေ မြင့်တက်နေပါတယ်။
ဒီဖြစ်ရပ်ကြောင့် ကုမ္ပဏီရှယ်ယာတန်ဖိုး ၁၇ ရာခိုင်နှုန်း ခန့်ကျဆင်းပြီး လျော်ကြေးငွေ အများအပြား ပေးရမယ့် ညွှန်ကြားချက်နဲ့ ပျက်စီးမှုအတိုင်းအတာ အလုံးစုံကို ဖုံးကွယ်တယ်ဆို တဲ့ စွပ်စွဲချက်တွေ ပေါ်လာစေပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေက တချို့ကိစ္စတွေမှာ စွပ်စွဲချက်တွေ ကို အားဖြည့်ပေးမယ့် စစ်ဆေးမှုတွေ၊ ဓာတ်ပုံတွေနဲ့ မျက်မြင်တွေရဲ့ ပြောပြချက်တွေကို ထုတ်ပြန်ခဲ့ ပါတယ်။
ဒါပေမဲ့ နိုနစ်ကယ်ဆိုပြီး လူသိပိုများတဲ့ ရုရှားကုမ္ပဏီကတော့ စွပ်စွဲချက်တွေကို ငြင်းဆို ပါတယ်။
ရိုက်တာက အတည်မပြုနိုင်သေးတဲ့ သူတို့အထောက်အထားတွေအရ ဒီဇယ်တွေဟာ ကန်တခုထဲ ပျံ့နှံ့သွားပြီး အဲဒီနောက် အာတိတ်သမုဒ္ဒရာထဲ စီးဝင်တဲ့မြစ်ထဲ ရောက်သွားခဲ့ပါတယ်။
ကုမ္ပဏီကတော့ ဒီဇယ်ယိုဖိတ်တာက ရေထုထဲ ပျံ့နှံ့သွားတယ်ဆိုတာကို ငြင်းဆိုပါတယ်။
ကုမ္ပဏီက ဒီဇယ်ယိုဖိတ်တာကို ထိန်းချုပ်ထားပြီး ယိုဖိတ်ဒီဇယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို စက်ပစ္စည်းတွေ သုံးပြီး ပြန်ရအောင် လုပ်ထားတယ်လို့ ပြောဆိုပါတယ်။
နောက်ပြိး ယိုဖိတ်ဒီဇယ် သန့်စင်ရေးလုပ်ငန်းမှာ ပါဝင်တဲ့ ကုမ္ပဏီအများအပြား ၊ စည်းမျဉ်း ထိန်းချုပ်သူတွေနဲ့ တခြားတာဝန်ရှိသူတွေဟာ ပွင့်လင်းမြင်သာမှု အပြည့်အ၀ ရှိတာမို့ ပျက်စီးမှု အတိုင်းအတာ အလုံးစုံကို ဖုံးကွယ်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မဟုတ်မှန်ဘူးလို့ နိုနစ်ကယ် ကုမ္ပဏီက တုံ့ပြန် ပြောဆိုထားပါတယ်။