ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းတွင် လော့ဒေါင်း ပြန်လုပ်

1.3K
ဩစတြေးလျနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မဲလ်ဘုန်းမြို့မှာ ဇူလိုင်လ ၉ ရက် အသွား အလာ ထိန်းချုပ်ကန့်သတ်တဲ့ လော့ဒေါင်းပြန် လုပ်နေရပါတယ်။
လူတွေကို အိမ်ထဲမှာပဲနေဖို့၊ ကပ်ဘေးပြန့်ပွားမှုကို ကာကွယ်ဖို့၊ အာဏာပိုင်တွေဘက်က ကြိုးစားနေရဆဲပါ။
မြို့တဝန်း စစ်ဆေးရေး ဂိတ်တွေမှာလည်း ရဲတွေက ကားတွေကို စောင့်ကြည့်စစ်ဆေး သွားမယ်လို့ သိရပါတယ်။
မဲလ်ဘုန်းမြို့နေ ပြည်သူတွေဟာ ဇူလိုင် ၈ ရက်နေ့ လော့ဒေါင်း သတ်မှတ်ချက်အရ အိမ်ထဲမှာပဲ နေရမှာ ဖြစ်ပါတယ်။
မရှိမဖြစ် အရေးကြီးကိစ္စတွေက လွဲလို့ နောက်ထပ် ရက်သတ္တပတ် ခြောက်ပတ် အိမ်ပြင် ထွက်ခွင့် မရှိဘူးလို့ ညွှန်ကြားတားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဩစတြေးလျမှာ ဒီနေ့မနက်ပိုင်းအထိ အတည်ပြုလူနာ ၉၀၀၀ ကျော် နဲ့ သေဆုံးသူ ၁၀၆ ဦး ရှိတယ်လို့ သိရပါတယ်။ မဲလ်ဘုန်းဟာ လူဦးရေ ၅ သန်းရှိတဲ့ မြို့ကြီးလည်း ဖြစ်ပါတယ်။