DVB Logo
Home
မြန်မာသတင်း
မြန်မာ့ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဂျပန်အစိုးရ ကူညီမည်
DVB
·
May 27, 2013
မြန်မာ့ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဂျပန်အစိုးရ ကူညီမည်
1 / 3
Donate to DVB

မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကဏ္ဍ တို့မှာ ဂျပန်က အကူအညီတွေ ပိုပေးသွားဖို့ မြန်မာသမ္မတဦးသိန်းစိန်က ဂျပန်ဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့ပါတယ်။

[caption id="attachment_39873" align="alignright" width="300" caption="သမ္မတဦးသိန်းစိန်နှင့်ဂျပန်ဝန်ကြီးချုပ် ဆွေးနွေးစဉ်"][/caption]

မေ ၂၆ ရက်က နေပြည်တော်မှာ ဂျပန်ဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေးနဲ့ တွေ့ဆုံစဉ် မြန်မာသမ္မတက အခုလို ဆွေးနွေးခဲ့တာလို့ သမ္မတပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စု ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“မြန်မာနဲ့ ဂျပန်နိုင်ငံရဲ့ ဆက်ဆံရေးက ဒုတိယကမ္ဘာစစ်မတိုင်ခင် လွတ်လပ်ရေးကြိုးပမ်းမှု စတည်ခဲ့တဲ့အချိန်ကစပြီး ရှိခဲ့တာဆိုတော့ အများကြီးလေးနက်တယ်၊ ကျယ်လည်းကျယ်ပြန့်ပါတယ်။ ၈၈ ခုနှစ်မတိုင်မီတုန်းက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအကူအညီ အများစုကို ဂျပန်နိုင်ငံက ပေးခဲ့တာရှိတယ်။ အခုချိန်မှာ ဒါတွေ ပြန်လည်စတင်လာပြီဆိုတော့ ကျနော်တို့ အဓိက မျှော်မှန်းတာကတော့ ကျန်မာရေး၊ ပညာရေး၊ အခြေခံအဆောက်အအုံတည်ဆောက်ရေး ကဏ္ဍတွေ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကဏ္ဍတွေမှာ အကူအညီတွေ ပိုရလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ သမ္မတကြီးက ဆွေးနွေးတဲ့အချိန်မှာလည်း ဒီအချက်တွေကို ဦးစားပေး ဆွေးနွေးခဲ့ပါတယ်။”

မေ ၂၅ ရက်နေ့က ဂျပန်ဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မှာ တွေ့ခဲ့ကြပေမယ့် ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြသလဲဆိုတာတော့ နှစ်ဘက်စလုံးက သတင်း မထုတ်ခဲ့ပါဘူး။

နေပြည်တော်မှာ မြန်မာသမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ကြပြီး မီဒီယာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာတော့ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အစကတည်းက ထောက်ခံခဲ့ကြောင်း၊ အခုလည်း ပိုမိုထောက်ခံအားပေးတဲ့အနေနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ ဆက်ပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ယန်းငွေ သန်း ၉၁၀၀၀ အကူအညီ ပေးသွားမယ့်အကြောင်း ဂျပန်ဝန်ကြီးချုပ်က ထုတ်ဖော် ပြောကြားသွားပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ရန်ကုန်တိုင်း သီလ၀ါအထူးစီးပွားရေးဇုန်မှာ ဂျပန်ကုမ္ပဏီတွေနဲ့ မြန်မာကုမ္ပဏီတွေ ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူလက်မှတ်ထိုးတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး ဂျပန်နဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲကိုလည်း တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013