Home
မြန်မာသတင်း
တိုက်ပွဲအတွင်း အရပ်သားသေဆုံးဒဏ်ရာမှု တရားမျှတမှုရရန် ကျောက်မဲပြည်သူ ၁ သောင်းကျော် ဆန္ဒပြ
ခွန်ဇော်ဦး
·
July 10, 2020
kyaukmaestrike10072020
kyaukmaestrike10072020(5
kyaukmaestrike10072020(4
kyaukmaestrike10072020(3
kyaukmaestrike10072020(2
kyaukmaestrike10072020(1
တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်းစီ (RCSS/ SSA) တပ်ဖွဲ့ကြား ကျောက်မဲမြို့နယ်၊ ပန်ချင်ရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် အရပ်သား ၂ ဦး သေဆုံးဒဏ်ရာရခဲ့တဲ့အပေါ် တရားမျှတမှုရရှိဖို့ ဒေသခံပြည်သူ ၁ သောင်းကျော် ဇူလိုင် ၁၀ ရက်နေ့ မနက်က ကျောက်မဲမြို့ပြင်မှာ စီတန်းလမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ တပ်မတော်နဲ့ RCSS တို့ ဇွန်လ ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်စစ်ကြောင်းတခုက အသက် ၅၈ နှစ်အရွယ် လုံဆု လို့ ခေါ်တဲ့ ပန်ကျင်ရွာသား ၁ ဦးကို သေနတ်နဲ့ ပစ်သတ်သလို ၁ ဦးကို ရိုက်နှက်ခဲ့တယ်ဆိုပြီး ဒေသခံတွေက ပြောဆိုခဲ့ကြပြီး တရားမျှတမှုရရှိဖို့ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ရတာလို့ ဆိုပါတယ်။ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲမှာ “အပြစ်မဲ့ပြည်သူကိုသတ်တဲ့ တပ်မတော်အလိုမရှိ” ဆိုတဲ့စာတမ်းပါ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ထားကြပါတယ်။ ကိုဗစ်- ၁၉ ကာလဖြစ်တဲ့အတွက် လူစုလူဝေးပြုလုပ်တာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တားမြစ်တာတွေရှိနေပြီး ဆန္ဒထုတ်ဖော်သူတွေကို ကျောက်မဲမြို့ထဲ မဝင်နိုင်အောင်လည်း လုံခြုံရေး ရဲတပ်ဖွဲ့တွေက အကာအရံတွေနဲ့ ပိတ်ဆို့နေပါတယ်။ တိုက်ပွဲအတွင်း ပန်ကျင်ရွာက လူနေအိမ်တချို့ လက်နက်ကျည်ထိမှန်တာတွေရှိခဲ့ပါတယ်။ ဒါ့အပြင် အသက် ၅၈ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦး သေနတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024