တန့်ဆည်မြို့နယ်တွင် အင်အား ၄.၀ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
July 10, 2020
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ မနေ့ညက အင်အားရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃ နာရီ၊ ၃၇ မိနစ်၊ ၁၄ စက္ကန့် အချိန်က ကန့်ဘလူမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၂၄ မိုင် ခန့်ကွာဝေးသော၊ တန့်ဆည်မြို့ရဲ့ အနောက်-အနောက်မြောက်ဘက် (၉) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၉၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။