DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်များနှင့် ရွေ့ပြောင်းအလုပ်သမားများ ကမ္ဘာတွင် လုံခြုံမှုမရှိ ဖြစ်နေ
DVB
·
May 24, 2013
ဒုက္ခသည်များနှင့် ရွေ့ပြောင်းအလုပ်သမားများ ကမ္ဘာတွင် လုံခြုံမှုမရှိ ဖြစ်နေ
Donate to DVB

ကမ္ဘာ့နိုင်ငံတွေဟာ လူ့အခွင့်အရေးကို အလေးထားလုပ်ဆောင်ဖို့ ပျက်ကွက်နေတဲ့အတွက်  ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ကမ္ဘာကြီးဟာ ဘေးကင်းလုံခြုံမှု မရှိတဲ့ နေရာဖြစ်လာနေကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်) က ပြောကြားလိုက်ပါတယ်။

မေ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံတွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အကဲဖြတ်ထုတ်ဝေတဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ပြောကြားလိုက်တာပါ။

ဒီအစီရင်ခံစာမှာ  နိုင်ငံအတော်များများက တရားဥပဒေကြောင်းအရ အကာအကွယ် မပေးတဲ့အတွက် သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အဓမ္မ အလုပ်စေခိုင်းခြင်းတွေ ခံနေရတယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာဆိုရင်  ခိုလှုံခွင့်တောင်းခံတဲ့ ဒုက္ခသည်တွေဟာ ဖမ်းဆီးထိန်းသိမ်းခံရမှုနဲ့ မိခင်နိုင်ငံကို အဓမ္မပြန်ပို့ခံရမယ့် အန္တရာယ်နဲ့ ဆက်ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

မြန်မာအစိုးရနဲ့ ဆွေးနွေးပြီးနောက် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီဟာ ထိုင်းနိုင်ငံက မြန်မာဒုက္ခသည် ၁ သိန်းခွဲလောက်ကို ၁ နှစ်အတွင်း နေရပ်ပြန်ပို့ဖို့ အရိပ်အယောင်တွေ မြင်တွေ့နေရတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ မတည်ငြိမ်မှုတွေ ဆက်ဖြစ်နေပြီး ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ ကာကွယ်ဆောင်ရွက်ပေးမယ့်သူတွေ မရှိဘူးလို့ ထောက်ပြထားပါတယ်။

ကမ္ဘာမှာ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၂၁၄ သန်းဟာ မိခင်နိုင်ငံကရော သူတို့ကို လက်ခံထားတဲ့ နိုင်ငံတွေကပါ အကာအကွယ်မပေးတဲ့အတွက် တချို့အလုပ်သမားတွေဟာ အဓမ္မ အလုပ်ခိုင်းစေခံရတာ ခံနေရပြီး တချို့နေရာတွေမှာ ကျေးကျွန်တွေသဖွယ် ခိုင်းစေခံနေရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံက တရားဝင် အထောက်အထားရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရော မရှိသူတွေပါ နိုင်ငံသားစိစစ်မှု လုပ်ငန်းတွေ မပြီးစီးနိုင်တဲ့အတွက် လာမယ့်ဒီဇင်ဘာလမှာ နေရပ် ပြန်ပို့ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား၊ မာလီ၊ ဆူဒန်နဲ့ ကွန်ဂို ဒီမိုကရက်သမ္မတနိုင်ငံတွေမှာ လူတွေဟာ နိုင်ငံတွင်းမှာရော နယ်စပ်ဖြတ်ကျော်ပြီးပါ ဘေးကင်းလုံခြုံမယ့် နေစရာရဖို့ ရှာဖွေနေရတယ်လို့ ဆိုပါတယ်။ ဆီးရီးယားမှာလည်း ထောင်သောင်းချီတဲ့လူတွေဟာ သေဆုံးနေရပြီး ပဋိပက္ခကြောင့် သန်းနဲ့ချီတဲ့လူတွေ နေရာမဲ့ ဖြစ်နေရတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့်  အစိုးရတွေအနေနနဲ့ ဘယ်နိုင်ငံသားဆိုတာကို ထည့်မစဉ်းစားဘဲ လူတွေ အားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားဖို့ ဘယ်နေရာမှာပဲနေနေ၊ လူသားအားလုံးအတွက် လူ့အခွင့်အရေး ကာကွယ်ပေးဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013