တရားမဝင် မြန်မာ ၁၂ ဦးနှင့် ဗီဇာသက်တမ်းကုန် တရုတ်နိုင်ငံသား ၃ ဦးတို့ ထိုင်းရဲ ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာ  တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ဦး နဲ့ နေထိုင်ခွင့်ဗီဇာသက်တမ်းကုန် တရုတ်နိုင်ငံသား ၃ ဦးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက မနေ့ညက ဖမ်းဆီးခဲ့တယ်လို့  INNnews ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  မြန်မာနယ်စပ် ဖုပ်ဖရမြို့နယ် ဝါလေကျေးရွာအုပ်စုထဲမှာ တဘက်နိုင်ငံကနေ တရားမဝင်ဝင်ရောက်လာမယ့်သူတွေရှိကြောင်း သတင်းအရ အုပ်ချုပ်ရေးရုံး၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်မြေထဲ စောင့်ကြည့်စစ်ဆေးစဉ် ဇူလိုင် ၈ ရက် ညအချိန်မှာ ဝါလေကျေးရွာအုပ်စု ဘန့်မော်ကေထိုင်းကျေးရွာဘက်မှာ တောလမ်းကနေ ဝင်လာတဲ့ လူတစုကို ဖမ်းဆီးမိဲ့တာလို့ ဖုပ်ဖရနယ်မြေရဲစခန်း - စခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။  တောလမ်းကနေ လမ်းလျှောက်ဝင်လာသူ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၅ ဦးတို့ဖြစ်ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့် အထောက်အထားစာရွက်စာတမ်း တစုံတရာမှမရှိလို့ လဝကဥပဒေအရ အရေးယူဖို့ ဖုပ်ဖရရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။  တချိန်တည်းမှာပဲ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ဘက်မှာလည်း ရဲနဲ့ စစ်တပ်တို့ ပူးပေါင်းပါ ဝင်တဲ့ တာဝန်ရှိသူတွေဟာ မယ်ပအုပ်စုထဲရှိ မဲဆောက် နဲ့ တာ့ခ်သွားကားလမ်းမကြီးပေါ်မှာ စစ်ဆေးရေးဆောင်ရွက်နေစဉ် တက္ကစီတစ်စီးကိုလည်း တားဆီးစစ်ဆေးခဲ့ကြောင်း၊ တက္ကစီပေါ်မှာ တရုတ်နိုင်ငံသား ၃ ဦး လိုက်ပါလာပြီး အထောက်အထားစစ်ဆေးရာမှာ ထိုင်းနိုင်ငံထဲ နေထိုင်ခွင့် ၁၀၆ ရက်ထက် သက်တမ်းကျော်လွန်နေတာ တွေ့ရှိလို့ လဝကဥပဒေနဲ့ အရေးယူဖို့ မဲဆောက် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့  တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up