မက္ကဆီကိုနှင့်အမေရိကန် သမ္မတနှစ်ဦး ပထမဆုံးအကြိမ်တွေ့ဆုံ

မက္ကဆီကိုသမ္မတ လိုပက်ဇ်-အိုဘရေဒိုဟာ ဇူလိုင်လ ၈ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။   အမေရိကန်စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံသူတွေအပေါ် မက္ကဆီကို အစိုးရဆက်ဆံပုံနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်နေတာကို  ဒီတွေ့ဆုံမှုက  အစပျိုးပေးဖွယ် ရှိပါတယ်။  လက်ဝဲခေါင်းဆောင် အိုဘရေဒိုဟာ  ပြည်တွင်း ဝေဖန်မှုတွေကို လက်မခံဘဲ သမ္မတ ထရမ့်နဲ့တွေ့ဆုံရေး အစီအစဉ်ကို ဆက်လုပ်ခဲ့တာပါ။  မက္ကဆီကို နိုင်ငံသားတွေအပေါ်  သမ္မတ ထရမ့်က   ဝေဖန်ပြောဆိုတာနဲ့ ပတ်သက်ပြီး မက္ကဆီကိုနိုင်ငံမှာ ထရမ့်ကို  မကြိုက်နှစ်သက်သူတွေ များပါတယ်။    သမ္မတနှစ်ဦး တွေ့ဆုံမှုဟာ  အပြင်ပန်းအားဖြင့်တော့ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ  (USMCA) ကုန်သွယ်ရေးသဘောတူညီချက် ဆွေးနွေးပွဲ တက်ရောက်ဖို့ ရည်ရွယ်ပုံရပါတယ်။  ဒါပေမဲ့  တွေ့ဆုံချိန်မှာပဲ   မက္ကဆီကိုနိုင်ငံမှာ အမေရိကန် ရင်းနှီးမြှုပ်နှံတဲ့ စွမ်းအင်ကန်ထရိုက်တွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ  ပေါ်ပေါက်ခဲ့ပါတယ်။   နှစ်နိုင်ငံခေါင်းဆောင် တွေ့ဆုံမှုဟာ စီးပွားရေးကဏ္ဍကို ဦးတည်တယ်လို့ နီးစပ်တဲ့ သတင်း ရင်းမြစ်ကဆိုပေမယ့်  သမ္မတ ထရမ့်ရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒနဲ့ပတ်သက်လို့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု  ထင်ထင်ရှားရှား ရှိလာနိုင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up