A d v e r t i s e m e n t With Us

ကင်ညာနိုင်ငံအတွက် မိုးပျံပူဖောင်းသုံး မြန်နှုန်းမြင့်အင်တာနက်စနစ် အယ်လ်ဖာဘတ်ကုမ္ပဏီ ကမ်းလှမ်း

အယ်လ်ဖာဘတ်နိုင်ငံတကာကော်ပိုရေးရှင်းက ကင်ညာနိုင်ငံ ရစ်ဖ်တောင်ကြားက ဝေးလံသီ ခေါင်တဲ့ဒေသတွေမှ‌ေရှိတဲ့ ရွာသားတွေအတွက် ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် မြန်နှုန်းမြင့် အင်တာနက်ကို မိုးပျံပူဖောင်းတွေ သုံးပြီး ဇူလိုင်လ ၈ ရက်က စတင်ကမ်းလှမ်းလိုက်ပါတယ်။  ဒီနည်းပညာကို အရင်က သုံးဖူးပေမယ့် စီးပွားဖြစသုံးခဲ့တာ မဟုတ်ပါဘူး။  ၂၀၁၇ ခုနှစ် ဟာရီကိန်းမုန်တိုင်းအပြီးမှာ ပွာတိုရီကိုနိုင်ငံက မုန်တိုင်းသင့် ပြည်သူ ၂ သိန်းခွဲ ကျော်ကို ချိတ်ဆက်ဖို့ အမေရိကန်တယ်လီကွန်လုပ်ငန်းတွေက မိုးပျံပူဖောင်းတွေကို သုံးခဲ့ ဖူးပါတယ်။  ဒီစီမံကိန်းဟာ ထွန်းသစ်စ ကျေးလက်လူ့အဖွဲ့အစည်းက တတ်နိုင်စွမ်းရှိတဲ့ ၄ ဆက်မြောက် မျိုးဆက်သစ်အင်တာနက်ကို သုံးနိုင်ရေးပံ့ပိုးပေးဖို့ ရည်မှန်းထားပါတယ်။ အရှေ့အာဖရိကနိုင်ငံ ကင်ညာရဲ့တတိယအကြီးဆုံး တယ်လီကွန်လုပ်ငန်းဖြစ်တဲ့ တယ်လ်ကွန်မ် ကင်ညာ၊ ဂူဂယ်ရဲ့ မိတ်ဖက် အယ်လ်ဖာဘတ်ရဲ့အဖွဲ့ခွဲ လွန်းတို့က ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မှာပါ။  မိုးပျံပူဖောင်းက လူတွေရဲ့ နှောင့်ယှက်မှု အများအပြားကနေ ကင်းလွတ်စေဖို့ ပျံသန်းမယ့် လမ်းကြောင်းကို ရှာနိုင်ရေး မှတ်ဉာဏ်တု နည်းပညာပါတဲ့ ဆော့ဖ်ဝဲလ်ကို သုံးထားပါတယ်။  အရင်က ဒေသခံတွေဟာ အင်တာနက်သုံးနိုင်ဖို့ အနီးမြို့ဖြစ်တဲ့ မိုင်လေးဆယ်အကွာက မြို့တွေဆီ သွားနေရပါတယ်။  လွန်းနဲ့ တယ်လ်ကွန်မ်ကင်ညာ ကြားက စီးပွားရေးသဘောတူညီချက်တွေ အသေးစိတ် ကိုတော့ လူသိထင်ရှား ထုတ်ပြန်တာ မရှိသေးပါဘူး။ 

A d v e r t i s e m e n t With Us

More News
Up