နိုကီရာ ဝန်ထမ်းရာချီ ပါရီမြို့တွင် ချီတက်ဆန္ဒပြ

ပြင်သစ်နိုင်ငံရဲ့ မြို့တော် ပါရီမှာ နိုကီရာကော်ပိုရေးရှင်းက လုပ်သား ရာပေါင်းများစွာ ဇူလိုင် ၈ ရက်က ချီတက်ဆန္ဒပြပါတယ်။  နိုကီယာရဲ့ ပြင်သစ်လက်ခွဲ အယ်လ်ကာတဲလ် လူးဆန့်အင်တာနေရှင်နယ်က လူအယောက် ၁၂၀၀ ကို အလုပ်ထုတ်မယ့် အစီအစဉ်ကို ဆန့်ကျင်ခဲ့တာပါ။  အလုပ်ပြုတ်သူအများစုဟာ သုတေသနနဲ့တီထွင်မှုအဖွဲ့တွေက ဖြစ်လိမ့်မယ်လို့ နိုကီယာက ပြောပါတယ်။  ဥရောပဟာ မိုဘိုင်းဖုန်း ကွန်ရက်မျိုးဆက်သစ်ကို တပ်ဆင်ဖို့ ပြင်ဆင်နေလို့ ဒါဟာ နားမလည်နိုင်တဲ့ လုပ်ရပ်ပဲလို့ သမဂ္ဂတွေက ပြောပါတယ်။  ပြင်သစ်အစိုးရက လတ်တလောမှာ လူတွေ အလုပ်ရအောင် ပစ်မှတ်ထား လုပ်ဆောင်နေ ချိန်မှာ နိုကီယာရဲ့လုပ်ရပ်က အစိုးရကို ပျက်ရယ်ပြုလိုက်သလိုပဲလို့ အလုပ်ဖြုတ်မယ့် လုပ်ငန်းရှိရာ ကုတ်ဒီအာမာဒေသအနောက်မြောက်ပိုင်းက ရွေးကောက်ခံ လွှတ်တော်အမတ် အဲရစ် ဘိုသိုရယ်က ပြောပါတယ်။  နိုကီယာကတော့ သုတေသနနဲ့ တီထွင်မှု ခြေကုပ် ကောင်းကောင်း ရှိလို့  ပြင်သစ်မှာ အဓိက အလုပ်အကိုင် ဖန်တီးသူအဖြစ် ဆက်ရှိနေမယ်လို့ ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up