Home
မြန်မာသတင်း
ပုစွန်မွေးမြူရေးကန်လုပ်ရန် ဧက ၁၀၀၀ ကျော်လျှောက်ထားမှု ကော့သောင်းဒေသခံများ ကန့်ကွက်
DVB
·
July 8, 2020
83473834_10222702509941729_3729520611407839794_n
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ အောင်ဇမ္ဗူရွာမှာ ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ ဒီရေတော မြေဧက ၈၀၀ ကျော်ကို ကုမ္ပဏီတခုက ပုစွန်ကန် မွေးမြူဖို့ မြေလွတ်မြေရိုင်းဆိုပြီး သက်ဆိုင်ရမှာ လျှောက်ထားလာတာကြောင့် တိုင်းအစိုးရအဖွဲ့ကို ဒေသခံတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး ကန့်ကွက်လွှာပေးပို့ခဲ့ကြပါတယ်။  အဲဒီကျေးရွာဟာ ပြည်ထဲရေးအမည်ပေါက် ကျေးရွာတစ်ခုဖြစ်ပြီး ရွှေကံမော် အကွာကာချား ကုမ္ပဏီက မြေလွတ်မြေရိုင်းဆိုပြီး သက်ဆိုင်ရာဌာနမှာလျှောက်ထားခဲ့တာလို့ ကန့်ကွက်ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။  အခုလို မြေလွတ်မြေရိုင်းလျှောက်ထားတာကို သက်ဆိုင်ရာဌာနတွေအနေနဲ့ ဒေသခံတွေကို ကြိုတင်အသိပေးအကြောင်းကြားတာမျိုးမရှိဘဲ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနက ကန့်ကွက်လွှာ တင်တဲ့အချိန်မှသာ သိရှိခဲ့ရတာကြောင့် အခုလို စုပေါင်းလက်မှတ်ရေးထိုးပြီး ကန့်ကွက်ခဲ့တာလို့ အောင်ဇမ္ဗူကျေးရွာက ဆရာတော် ဦးဇောတိက က မိန့်ပါတယ်။  ဒါ့အပြင်အဆိုပါ ရွှေကံမော် အကွာကာချား ကုမ္ပဏီအနေနဲ့ စူငယ်ဘာလိုင်းကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ အခြားနေရာတခုမှာလည်း ဧက ၃၀၀ ကို လုပ်ကိုင်ခွင့်လျောက်ထားခဲ့တယ်လို့ သိရပါတယ်။  ကုမ္ပဏီဘက်က အခုလို လျောက်ထားတဲ့အပေါ် ဒေသခံတွေကန့်ကွက်တာနဲ့ပတ်သက်လို့ သိရှိထားပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားမယ်လို့ ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောပါတယ်။  တနင်္သာရီတိုင်းအတွင်းမှာ အခုလို ဒီရေတောတွေ ခုတ်ထွင်ရှင်းလင်းပြီး ပုစွန်ကန်တွေ မွေးမြူတဲ့ကိစ္စနဲ့ပတ်သက်လို့ ဒေသခံတွေနဲ့ကုမ္ပဏီတွေအကြား မကြာခဏ ပြဿနာ ဖြစ်ပွားနေတာလည်းရှိပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024