DVB Logo
Home
မြန်မာသတင်း
ဒေါ်စုစုနွေး နိုင်ငံတကာလူ့အခွင့်အရေးဖိုရမ် တက်ရောက်
DVB
·
May 24, 2013
ဒေါ်စုစုနွေး နိုင်ငံတကာလူ့အခွင့်အရေးဖိုရမ် တက်ရောက်
Donate to DVB

ပြင်သစ်နိုင်ငံ နန့်တက်မြို့မှာ မေ ၂၂ မှ ၂၅ ရက်နေ့အထိ ပြုလုပ်နေတဲ့ ၅ ကြိမ်မြောက် နိုင်ငံတကာလူ့အခွင့်အရေးဖိုရမ်ကို မြန်မာနိုင်ငံ အလုပ်သမားနဲ့ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်စုစုနွေးအပါအ၀င် မြန်မာကိုယ်စားလှယ် ၃ ဦး တက်ရောက် နေကြပါတယ်။

နိုင်ငံပေါင်း ၁၀၀ ကျော်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေ၊ အစိုးရကိုယ်စားလှယ်တွေနဲ့အတူ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေအရေး ဆောင်ရွက်နေတဲ့ ဦးထူးချစ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးကော်မရှင်မင်းကြီး ဦးလဖိုင်းလ်ဇူးဂေါင်း (Lahpai Zau Goone)တို့ တက်ရောက်နေကြတာ ဖြစ်ပါတယ်။

ဒေါ်စုစုနွေးက “ကျမတို့ လာရောက် လေ့လာခွင့်ရတဲ့အတွက် ကျမတို့နိုင်ငံအတွက် ဘာတွေဆက်ပြီး ကြိုးစားဆောင်ရွက်ခွင့်ရမယ်ဆိုတာ ပိုပြီးတော့ နားလည်လာတယ်။ နိုင်ငံမှာ ဘာတွေ လိုအပ်ချက်တွေ ရှိနေလဲ၊ အစိုးရကလည်း ဘာလိုအပ်ချက်တွေ ရှိနေလဲ။ ကျမတို့ကလည်း နိုင်ငံကို လူ့အခွင့်အရေးပြည့်ဝပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် အစိုးရနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်သွားမလဲ၊ ပြည်သူတွေကရော ဘာတွေလိုအပ်နေလဲဆိုတာတွေ ကျမတို့ အတွေ့အကြုံရတယ်။ ရရှိလာတဲ့အတွေ့အကြုံတွေကို နိုင်ငံကိုပြန်ရောက်ရင် အောက်ခြေပြည်သူတွေကို ပြန်ပြောပြမှာပါ”လို့ ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက်တဲ့ ဦးထူးချစ်က သူအနေနဲ့ ရွှေ့ပြောင်းအလုပ်သမား ရေးရာ ကိစ္စတွေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

“အဓိက ကျနော်လာတာက အာဖရိကတို့၊ အီးယူတို့၊ လက်တင်အမေရိက၊ အာရှ၊ တရုတ်တို့မှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့အခြေအနေတွေကို တင်ပြခိုင်းတော့ အဲဒီကိစ္စတွေကို တင်ပြတယ်။ သတင်းထောက်တွေက မြန်မာနိုင်ငံရဲ့ လက်ရှိလူ့အခွင့်အရေးအခြေအနေတွေကို မေးတာတွေတော့ ရှိတယ်။ လက်ရှိလူ့အခွင့်အရေးချိုးဖောက်မှုတွေ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာက စနစ်တကျပုံစံရှိတယ်။ မြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေးတွေ ချိုးဖောက်မှုရှိနေဆဲဖြစ်တယ်ဆိုတာ ကျနော် ပြောဖြစ်တယ်။”

ဒေါ်စုစုနွေးနဲ့ ဦး Lahpai Zau Goone တို့ကတော့ ဒီဖိုရမ်မှာ တက်ရောက်ဆွေးနွေးဖို့ အစီအစဉ် မပါရှိဘဲ ပထမအကြိမ်အဖြစ် တက်ရောက်တာဟာ အတွေ့အကြုံရတယ်လို့ ဆိုပါတယ်။

ဖိုရမ်ပြီးချိန်ကျမှ ဒေါ်စုစုနွေးဟာ ပြင်သစ် အန်ဂျီအိုတွေ၊ ပြင်သစ်မီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲတွေလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013