မကွေးတိုင်း၌ ၃ လကျော်အတွင်း ၃၃ ကြိမ် ကမ်းပါးပြိုကျ၊ အိမ်ခြေ ၂၇၇ လုံး ရွှေ့ပြောင်း
DVB
·
July 8, 2020
မကွေးတိုင်းမှာ ဧပြီ ၁ ရက်ကနေ ဒီနေ့အထိ ကမ်းပါးပြိုကျမှု ၃၃ ကြိမ်ဖြစ်ပွားကာ နေအိမ် ၂၇၇ လုံးရွှေ့ပြောင်းခဲ့ရပြီး လူဦးရေ ၁၁၀၀ ကျော် ဘေးသင့်ခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။
"မကွေးခရိုင် ရေနံချောင်းမြို့နယ်မှာ ၁၄ ကြိမ်၊ မင်းဘူးခရိုင်ထဲက မြို့နယ်တွေမှာ ၈ ကြိမ်၊ ပခုက္ကူခရိုင်ထဲက မြို့နယ်တွေမှာ ၁၁ ကြိမ် ကမ်းပါပြိုကျမှု ဖြစ်ပွားခဲ့တာ။ အဲဒီလို ကမ်းပါးပြိုကျလို့ ရွှေ့ပြောင်းရတဲ့နေအိမ်တွေအတွက် တစ်အိမ်ကို အိမ်ဆောက် ပစ္စည်းဖိုး ၁ သိန်းကျပ်နဲ့ ဘေးသင့်ပြည်သူတစ်ဦးကို ဆန်ရိက္ခာဖိုး ၂၁၀၀ ကျပ်၊ စုစုပေါင်း ကျပ်သိန်း ၃၀၀ နီးပါ ထောက်ပံ့ပေးထားတယ်။”
ဒါ့အပြင် ကမ်းပါးပြိုကျပါက အန္တရာယ်ဖြစ်နိုင်တာကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ အသိပညာပေးတာတွေလည်း လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းအတွင်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၂၀၀ လောက်သာ ရွှေပြောင်းခဲ့ရတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး