အလုပ်သမားများနစ်နာကြေးရရန် ထွက်ပြေးသွားသည့် တရုတ်လုပ်ငန်းရှင်ပိုင်ပစ္စည်းများ ရောင်းပေးမည် ‌

 တရုတ်နိုင်ငံသား လုပ်ငန်းရှင်ထွက်ပြေးသွားတဲ့ ABLE GLAD MYANMAR အထည်ချုပ်စက်ရုံ လုပ်သားတွေနစ်နာကြေးရရှိဖို့ ရန်ကုန်တိုင်းအစိုးရကိုတင်ပြပြီး လုပ်ငန်းရှင်ပိုင် ပစ္စည်းတွေ လေလံတင်ရောင်းချပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အလုပ်ရှင်ကိုယ်စားလှယ် ဦးစိုးလွင်က ပြောပါတယ်။ ဒီစက်ရုံမှာ အလုပ်သမား ၆၇၀ နီးပါးနဲ့ လည်ပတ်နေတာဖြစ်ပြီး တရုတ်နိုင်ငံသား လုပ်ငန်းရှင်ဟာ အလုပ်သမားတွေကို ဇွန်လအတွက် လုပ်ခပေးချေခြင်းမရှိဘဲ ဇူလိုင် ၃ ရက်နေ့က ထွက်ပြေးသွားတာပါ။  လက်ရှိမှာတော့ စက်ရုံကို အော်ဒါအပ်ထားတဲ့ လုပ်ငန်းရှင် ၃ ဦးပေးချေတဲ့ ငွေကြေးနဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာ စုစုပေါင်းငွေကျပ်သိန်း ၁၆၀၀ လောက်ကို ဇူလိုင်လ ၇ ရက်မှာ ထုတ်ပေးနေတယ်လို့ သိရပါတယ်။ စက်ရုံအလုပ်သမား လုပ်ငန်းရှင်ထွက်ပြေးသွားတာကြောင့် အလုပ်သမားတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  ဒီကာလမှာ အလုပ်အကိုင်ပြန်လည်ရရှိဖို့ အခက်အခဲတွေရှိနေတာကြောင့် ကူညီဖြေရှင်းပေးသူတွေကို လိုအပ်နေတယ်လို့ ဆိုပါတယ်။  ဒါကြောင့်လက်ရှိမှာ အလုပ်သမားတွေ ဆက်လက်ရပ်တည်နိုင်ဖို့ ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးသွားမယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) ဦးဆောင်ကော်မတီဝင် ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ကာလအတွင်း အခုလိုလုပ်ခလစာနဲ့ နစ်နာကြေးတွေ ပေးချေတာ မရှိဘဲ လုပ်ငန်းရှင်ထွက်ပြေးတာဟာဆိုရင် ရန်ကုန်တိုင်းအတွင်းမှာပင် စက်ရုံပေါင်း ၄ ရုံလောက်ဖြစ်လာပါပြီ။  ဒါ့အပြင် လုပ်သားအင်အားလျော့ချတာနဲ့ စက်ရုံယာယီ ပိတ်သိမ်းတာတွေ ရှိနေပြီး အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းတွေအရ အလုပ်လက်မဲ့အရေအတွက်ဟာ ၃ သိန်းဝန်းကျင်လောက်ဖြစ်နေပါပြီ။  ဇာခြည် 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up