A d v e r t i s e m e n t With Us

ရေနံချောင်း ရေနံမြေတွင် ရေချိုမိကျောင်း ဦးခေါင်း ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ

မကွေးတိုင်း၊ ရေနံချောင်း ရေနံမြေအတွင်း တွေ့ရှိရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းက ရေချိုမှာ ရှင်သန်ခဲ့တဲ့ မိကျောင်းဦးခေါင်းဖြစ်တယ်လို့ မကွေးတက္ကသိုလ် ဘူမိဗေဒဌာနမှ တွဲဘက်ပါမောက္ခ ဒေါက်တာပိုင်စိုးက ပြောပါတယ်။ “ရှေးဟောင်း မကွေးတိုင်း ဦးစီးမှုကနေ တက္ကသိုလ်ကို လာပြတော့ ဟုတ်ပြီ ကျောက်ဖြစ်ရုပ်ကြွင်းတော့ သေချာသွားပြီး၊ မပျက်စီးခင်မှာ တူးဖော်ဖို့ ဆိုပြီး ဒီနေ့ရောက်လာတာ၊ ဒီကောင်ရဲ့ အနေ့အထားက မြစ်ချောင်းကျအနည်တွေထဲက ဖြစ်တဲ့ ကျောက်လွှာအမျိုးအစား၊ အဲဒီ ကျောက်လွှာစု ထဲမှာတွေ့တာ ရေချိုမှာရှင်သန်ခဲ့တဲ့အကောင် အဲဒီအထက်ထပ်ပြီး အကြမ်းဖျင်း ကောက်ချက်ချမယ်ဆိုရင်တော့ လောလောဆယ်မြင်နေရတဲ့ အနေအထားက ရေချိုမှာရှင်သန်တဲ့ မိကျောင်း မျိုးရင်း အတိအကျအချိန်ကိုတော့ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေက ဆက်လက်တူးဖော်ပြီး သုံးသပ်မှာပါ။” ကျောက်ဖြစ်ရုပ်ကျွင်းကို စတင်တွေ့ရှိသူ ဆိတ်ကျောင်းတဲ့ ဒေသခံမှာ အသိရှိရှိ သတင်းပေးမှုကြောင့် အခုလို တွေ့ရှိရတာဖြစ်သလို ဒေသအတွက်လည်း အကျိုးပြုသလို ပညာရပ်၊ ဘာသာရပ် တွေအတွက် လည်းအကျိုးရှိကြောင်း နောင်မှာလည်း မကွေးတက္ကသိုလ်ထဲမှာ ပြတိုက်ကဲ့သို့ တိုင်းအတွင်းကတွေ့ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို မှတ်တမ်းနဲ့ ထားသွားနိုင်ဖို့ ပါမောက္ခချုပ်ထံတင်ပြထားသလို တိုင်းအစိုးရကိုလည်း တင်ပြသွားမယ်လို့ ဒေါက်တာပိုင်စိုးက ရှင်းပြပါတယ်။ အခုတွေ့ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ဦးခေါင်းမှာ အလျား ၁ ပေလောက်ရှိပြီး ဦးခေါင်းထက်မှ နှုတ်သီး မြင်နေရတဲ့အပိုင်းထိ ၂ ပေနီးပါးရှိတယ်လို့ ဆိုပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိတဲ့ နေရာကို အသွားအလာကန့်သတ်ထားပြီး အပိုင်းအစတွေ ဆက်ရှာဖွေနေသလို ရေနံချောင်းဒေသမှာ အခြားတိရစ္ဆာန်တိုမှ ဆင်အံ၊ ကြံ့၊ တောဝက်၊ လိပ် စတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ဖူးပေမဲ့ မိချောင်းကိုတော့ ဌာနအနေနဲ့ ပထမဆုံးတွေ့ဖူးတာလို့ သိရပါတယ်။ ကျောက်ဖြစ်ရုပ်ကျွန်းတွေရှိနေရာမှာ ဒီနေ့မနက်ပိုင်း မကွေးတိုင်း ရှေးဟောင်းသုတေသန ဌာန၊ မကွေးတက္ကသိုလ် ဘူမိဗေဒဌာန၊ ရေနံချောက်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ရေနံချောင်းရေနံမြေ တာဝန်ရှိသူတွေ ပူးပေါင်း ရှာဖွေနေကြတယ်လို့ သိရပါတယ်။ ကိုလင်း(ချောက်)

A d v e r t i s e m e n t With Us

More News
Up