Home
မြန်မာသတင်း
ပုလဲမြို့နယ် စစ်​ဆေး​ရေးဂိ​တ်​မြေရှင်းရာမှ ရုန်းရင်းဆန်ခတ်ဖြစ်၊ ရာဘာကျည်ဖြင့်ပစ်ခံရ၍  ၃ ဦး ဒဏ်ရာရ
DVB
·
July 7, 2020
107075170_2502121820010379_2181124159929313828_n
107729884_2502121770010384_6857826859684516162_o
စစ်ကိုင်းတိုင်း​၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မြကုန်း​ကျေးရွာအနီးမှာ​ ဇူလိုင် ၇ ရက်​နေ့မနက်ပိုင်းက စစ်​​ဆေး​ရေးဂိတ်အတွက် ​​မြေနေရာရှင်းလင်းတာကို ​ဒေသခံတွေ လာရောက်ကန့်ကွက်ရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး လုံခြုံ​ရေးတပ်ဖွဲ့ဝင်တွေက ရာဘာကျည်နဲ့ပစ်လို့ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပုလဲမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူး ဦးထွန်းထွန်းနိုင်က "အ​ခြေ​နေက​တော့ အရင်တုန်းကထင်းစိုက်ခင်းကိုလည်း မ​ပေးဘူး။အခု ​​နေရာသစ် ​​စာသင်​ကျောင်း​ရှေ့နားမှာရှိတဲ့ ပေ ၁၈၀ - ​ပေ ၈၀ ​လောက်ရှိတဲ့ နေရာ​ပြောင်းလုပ်​တော့လည်းလက်မခံကြဘူး​ပေါ့ဗျာ။ ထိခိုက်မှု ၁ ဦးသာရှိပြီး ​သေနတ်လာလုလို့ ကျည်ထွက်သွားတာ။ ​ကျည်အစစ်မဟုတ်ဘူး။ ရာဘာကျည်ပါ။ပြောင်း​ချောက တိုက်ရိုက်မဟုတ်ဘူး။ ​အောက်က​နေ​ထောက်ပြီး ​မြေပြင်ကတစ်ဆင့်ပြန်မှန်တာပါ။ အခု​နောက်ဆုံးအ​ခြေ​နေက​တော့ ရဲတပ်ဖွဲ့​တွေလည်းပြန်တားထားသလို အထက်အမိန့်ကို​စောင့်ပြီး ကျ​နော်တို့အ​နေအထားနဲ့ သူတို့ရဲ့အ​နေအထား ​ဆွေး​နွေး​နေသလို လုပ်တာက​တော့ လုပ်မှာဖြစ်​ပြီး အဲဒီ​နေရာ​လောက် ​ကောင်းတာလည်း မရှိဘူး"" လို့ ​ပြောပါတယ်။ ဖြစ်စဉ်မှာ ​​​ဒေသခံ ၅ ဦး ထိန်းသိမ်းခံရပြီး ရာဘာကျည် ထိမှန်သူ ဒေသခံ ၃ ဦးထဲက ၇ ချက်ထိမှန်​ခဲ့တဲ့ ကိုဇော်သန်းဦးကိုတော့ ဆေးရုံပို့​ဆောင်လိုက်ရတယ်လို့ ​ဒေသခံ ဦး​ကျော်မြင့်စိုးက ​ပြောပါတယ်။ ​အဲဒီ​မြေ​နေရာဟာ ​ရွာသစ်​ပြောင်း​စဉ်က ​မြေ​နေရာအစားထိုးနဲ့ ရယူခဲ့ပြီး ​ငွေ​ကြေး​​ပါ ​ပေးခဲ့ရတာကြောင့် ​ကျေးရွာပိုင်ဖြစ်တယ်လို့ ​ဒေသခံတွေက ပြောကြားခဲ့သလို ​ဒေသခံအာဏာပိုင်အုပ်ချုပ်​ရေးအဖွဲ့ကလည်း ဒီ​နေရာဟာ အစိုးရစီမံပိုင်ခွင့်ရှိတဲ့ နေရာဆိုပြီး တဖက်နဲ့တဖက် အငြင်းပွားမှုဖြစ်​နေတာပါ။ ​ဆောက်လုပ်မယ့် စစ်​ဆေး​ရေးဂိတ်ဟာ တရားမဝင်ဝင်​ရောက်လာမယ့် ကုန်ပစ္စည်း​တွေကို စစ်​ဆေးမဲ့ ပူး​ပေါင်းစစ်​ဆေး​ရေးဂိတ်ဖြစ်ပြီး ဆောက်လုပ်မယ့် အကျယ်အဝန်းက ၀.၅၅ ဧကလောက်ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024