A d v e r t i s e m e n t With Us

မန်ယူ ကွင်းလယ်လူ မာတစ်ကို သုံးနှစ်စာချုပ်သက်တမ်းတိုး

ကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ၂၀၂၃ ခုနှစ်အထိ ဆက်ရှိနေစေမယ့် စာချုပ်သစ်တရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။  ဆားဘီးယားကွင်းလယ်လူ  မာတစ်ဟာ နည်းပြဆိုးလ်ရှားရဲ့ လက်ရှိ ရှုံးပွဲမရှိ ရပ်တည်မှုမှာ အရေးပါတဲ့နေရာက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို ယူနိုက်တက်အသင်းဘက်က စာချုပ်သစ်ကမ်းလှမ်း ဂုဏ်ပြုခဲ့တာပါ။ အခုနှစ်အစပိုင်းတုန်းက မာတစ်ရဲ့ ယူနိုက်တက်အသင်း အနာဂတ်ဟာ မရေမရာဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက သူဟာ  ပွဲထွက်ရရှိဖို့အတွက် ရုန်းကန်ခဲ့ရတာကြောင့် အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။  မာတစ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်ဟာ အခုနွေရာသီမှာ ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ အသင်းဘက်က ကနဦးသဘောတူညီမှုအတိုင်း မတ်လမှာ သူ့ကို တစ်နှစ်သက်တမ်းတိုးခဲ့ပြီး အခုချိန်မှာတော့ သူဟာ အသင်းမှာ ၂၀၂၃ ခုနှစ်အထိ ဆက်ရှိနေမယ့် စာချုပ်ကို လက်မှတ်ရေးထိုးနိုင်လိုက်ပါတယ်။ အသက်  ၃၁ နှစ်အရွယ် မာတစ်ဟာ ၂၀၁၇ ခုနှစ်မှာ ချဲလ်ဆီးအသင်းကနေ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဒီရာသီအတွင်း ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲ ပွဲထွက်ကစားခွင့်ရရှိထားသူဖြစ်ပါတယ်။  မာတစ်ဟာ လက်ရှိအချိန်မှာ ပုံစံကောင်းပြသနေတဲ့ ယူနိုက်တက်အသင်းရဲ့ ကျောရိုးတခုအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး နောက်ခံလူတွေရဲ့ရှေ့မှာ တံတိုင်းတခုအဖြစ် ခြေစွမ်းပြနေပါတယ်။  ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၁၁၄ ပွဲကစားပေးခဲ့ပြီးဖြစ်တဲ့ မာတစ်က “ ကစားသမားတစ်ယောက်အနေနဲ့ ကျနော့်မှာ လုပ်နိုင်စွမ်းတွေ၊ အောင်မြင်မှုရယူနိုင်စွမ်းတွေ အ များကြီး ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဒီအရာတွေကို ယူနိုက်တက်အသင်းနဲ့ အတူလုပ်ဆောင်ခွင့်ရရှိခြင်းဟာ ကြီးမားတဲ့ ဂုဏ်ယူစရာအခြေအနေပဲဖြစ်ပါတယ်။ ဒီအသင်းဟာ လူငယ်တွေနဲ့ ဝါရင့်ကစားသမားတွေကို အချိုးညီညီပေါင်းစပ်ထားတဲ့ အသင်းတစ်သင်းပါ။ ကျနော်တို့ဟာ ဒီရာသီအတွက်ရပ်တည်မှုကို မြင့်သထက်မြှင့်တင်နိုင်အောင်နဲ့ အားပေးနေ တဲ့ ပရိတ်သတ်တွေအတွက် ဂုဏ်ယူစရာ ဖြစ်အောင်ဆောင်ရွက်သွားပါမယ်” လို့ ကတိပေးခဲ့ပါတယ်။  ခြေစွမ်းပိုင်းဆိုင်ရာ တိုးတက်လာခဲ့မှုကြောင့် မာတစ်ဟာ ခရစ္စမတ်နောက်ပိုင်းကာလကတည်းက ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန်ရွေးချယ်ခံခဲ့ရပြီး သူ့ကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up