A d v e r t i s e m e n t With Us

နယူးကာဆယ်တောင်ပံကစားသမား စိန့်မက်ဆီမင်ကို ထိပ်တန်းကလပ်များ ခေါ်ယူလို

နယူးကာဆယ် တောင်ပံကစားသမား စိန့်မက်ဆီမင်ကို ခေါ်ယူဖို့ ထိပ်တန်းကလပ်တွေက ချိတ်ဆက်နေပါတယ်။  အသက် ၂၃ နှစ်ရှိ ပြင်သစ်ကစားသမား စိန့်မက်ဆီပင်ဟာ နယူးကာဆယ်အသင်းမှာ ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံမှာ ၄ ဂိုးသွင်းပြီး ၇ ကြိမ်ဂိုးဖန်တီးထားပါတယ်။  အာဆင်နယ်နဲ့ အီတလီကလပ် နာပိုလီအသင်းတွေနဲ့ သတင်းထွက်နေပြီး လာမယ့်အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ သိရပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီနဲ့ စပါးအသင်းတွေဟာလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။  ပြင်သစ်ကလပ် စိန့်အက်တီယန်အကယ်ဒမီထွက် ကစားသမားဖြစ်တဲ့ စိန့်မက်ဆီမင်ဟာ အခုနှစ်ရာသီကမှ နိုက်စ်အသင်းကနေ နယူးကာဆယ်အသင်းကို ပြောင်းရွှေ့လာတာပါ။

A d v e r t i s e m e n t With Us

More News
Up