A d v e r t i s e m e n t With Us

မန်းရွှေစက်တော် ဘေးမဲ့တောတွင် ကြယ်လိပ်ကောင်ရေ ၅၀ ရာခိုင်နှုန်းတိုးပွား

ရှားပါးမျိုးစိတ်တခုဖြစ်တဲ့ မန်းရွှေစက်တော် ဘေးမဲ့တောဥယျာဉ်က ကြယ်လိပ်ဥ ၁၀၀၀ ကျော်ထဲက ၅၀၀ ကျော် ပေါက်ပွားတယ်လို့ ရွှေစက်တော်ဘေးမဲ့တော ဦးစီးဌာနက ပြောပါတယ်။ မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးအောင်စိုးတင့်က "ကြယ်လိပ်တွေဟာ တစ်နှစ်ကို ၂ ကြိမ် ၃ ကြိမ်ခန့် ဥဥလေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဥအရေတွက် ၁၁၅၀ ရရှိကာ ၅၀၇ ကောင်ပေါက်ပွားခဲ့တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ကြယ်လိပ်အကောင်ရေ ၉၃ ကောင်သေဆုံးခဲ့ပြီး ၄၁၄ ကောင် ရှင်သန်တဲ့အတွက် ၅၀ ရာခိုင်နှုန်းခန့် တိုးပွားကာ လက်ရှိ ကြယ်လိပ် ၁၀၀၀ ကျော်လောက် ရှိတယ်လို့ ဆိုပါတယ်။ အခုနှစ်အတွင်မှာတော့ ကြယ်လိပ်အကောင်ရေ ၁၃၉ ကောင်ပေါက်ပွားကာ မိုးရာသီအကုန် စက်တင်ဘာလအတွင်းမှာ ထပ်မံဥဥကြမယ်လို့ ပြောပါတယ်။ အဲဒီလိုကြယ်လိပ်တွေကို ၅ နှစ်အတွင်း ရွှေစက်တော်ဘေးမဲ့တောနဲ့ ၂၆ မိုင်လောက်ကွာဝေးတဲ့နေရာတခုမှာ နိုင်ငံတကာအဖွဲ့စည်းတခုရဲ့အစီအစဉ်နဲ့ တစ်နှစ်ခြံလှောင်လေ့ကျင့်ပေးကာ သဘဝအတိုင်း ရှင်သန်နိုင်အောင်လွှတ်ပေးထားတယ်လို့ ဘေးမဲ့တောဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး

A d v e r t i s e m e n t With Us

More News
Up