စပါးက အဲဗာတန်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဒီကနေ့ မနက်ပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ မှာ စပါးအသင်းက အဲဗာတန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။  ပြီးခဲ့တဲ့တပတ်က ရှက်ဖီးယူနိုက်တက်ကို ၃ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးခဲ့ရပြီးနောက် မော်ရင်ဟိုရဲ့ စပါးအသင်း နိုင်ပွဲပြန်ရခဲ့တာပါ။  အဲဗာတန်အသင်းကလည်း ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၂၄ မိနစ်မှာ နောက်ခံလူ မိုက်ကယ်ကိန်းက ကိုယ့်ဂိုးကို သွင်းယူမိခဲ့တာကြောင့် အဲဒီတဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ပထမပိုင်းအပြီးမှာ စပါးကစားသမား ဆွန်ဟောင်မင်နဲ့ ဂိုးသမား လိုရစ်တို့ အချင်းများခဲ့ကြပါသေးတယ်။  ဒုတိယပိုင်းမှာ ၂ သင်းစလုံး ဂိုးရနိုင်မယ့်အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ကြတာကြောင့် ပထမပိုင်းကအတိုင်း  ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ စပါးအသင်း အနိုင်ရခဲ့တာပါ။  ဒီပွဲအနိုင်ကြောင့် စပါးအသင်းက ရမှတ် ၄၈ မှတ်နဲ့ အဆင့် ၈ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အဲဗာတန်အသင်းကတော့  ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၁၁ မှာ ဆက်လက်ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up