Home
မြန်မာသတင်း
ဇင်းကျိုက်ရေတံခွန်သို့ လာရောက်မလည်ပတ်ကြရန် မြို့နယ်စည်ပင် တိုက်တွန်း
DVB
·
July 6, 2020
107621434_3230981253618930_6485631339264390432_n
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကြောင့် ဇင်းကျိုက်ရေတံခွန် အပန်းဖြေစခန်းကို ယာယီပိတ်သိမ်းထားတဲ့အတွက် လာရောက်လည်ပတ်တာတွေ မပြုလုပ်ကြဖို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာ  ဦးထွန်းထွန်းဦးက တိုက်တွန်းလိုက်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ပိတ်သိမ်းထားပေမဲ့ လက်ရှိမှာ တနေ့ လူ ၁၀၀ ဝန်းကျင်နဲ့ ရုံးပိတ်ရက်တွေမှာ ၅၀၀ လောက် လာရောက်နေတာကြောင့် မလာရောက်ဖို့ အခုလို လိုက်တာလို့ ဆိုပါတယ်။ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်ရှိ ကျောက်သင်္ဘောရေတံခွန်အပန်းဖြေစခန်းဟာ မွန်ပြည်နယ် အတွင်း ထင်ရှားတဲ့ရေတံခွန်တစ်ခုဖြစ်ပြီး နှစ်စဉ်ဝါဆိုလ အဖိတ်နေ့ကစပြီး သီတင်းကျွတ် လပြည့်နေ့အထိ လာရောက်လည်ပတ်သူတွေနဲ့ စည်ကားခဲ့ပါတယ်။ အခုနှစ်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေးမဖြစ်စေဖို့ ခေတ္တယာယီပိတ်သိမ်း ထားတာကြောင့် စီးပွားရေးအရ ဆုံးရှုံးနေတယ်လို့ ရေတံခွန်လုပ်ငန်း လေလံအောင်မြင်ထားတဲ့ လုပ်ငန်းရှင် ဦးဇော်ဝင်းနိုင်က ပြောပါတယ်။ ပေါင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက်ဈေးပြိုင်စနစ်နဲ့ ရေတံခွန်လုပ်ငန်းကို ၃ ကြိမ်တိုင်လေလံခေါ်ယူခဲ့ရာမှာ ဆွဲယူသူမရှိဘဲ  အခြားနည်းနဲ့ လျှောက်ထား လာတဲ့အပေါ် ဇင်းကျိုက်ရေတံခွန်လုပ်ငန်းအရပ်ရပ်အတွက် ငွေကျပ် ၆၄ သိန်း ၁ သောင်းနဲ့ လုပ်ကိုင်ခွင့်ချထားပေးခဲ့တယ်လို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးက သိရပါတယ်။ ပေါင်မြို့နယ်ထဲမှာ ဇင်းကျိုက်ရေတံခွန်၊ ဆင်ရွာရေတံခွန်၊ ဘန့်ဘွေးကုန်းရေတံခွန်၊ တမောင်းပန်းရေတံခွန်နဲ့ တခြားရေတံခွန်ငယ်တွေ များစွာရှိနေတာကြောင့် နှစ်စဉ်မိုးရာသီကာလ ရောက်တိုင်း အပန်းဖြေလာရောက် သူတွေနဲ့ စည်ကားနေတာပါ။ သတင်း-ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024