Home
မြန်မာသတင်း
ရွေးကောက်ပွဲတွင် အလုပ်သမား၊လယ်သမား ကိုယ်စားပြု ကိုယ်စားလှယ်များ ဝင်ပြိုင်မည်
DVB
·
July 6, 2020
106786659_1756538184486050_5109130039270982624_n
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်မဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အလုပ်သမားလယ်သမားသမဂ္ဂတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ အဲ့လိုဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ဇူလိုင် ၆ ရက်နေ့က ရန်ကုန်မြို့ Myanmar Press Freedom Center မှာ သတင်းမီဒီယာကို ချပြပြီး မိတ်ဆက်ခဲ့ပါတယ်။ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီပေးရေးအဖွဲ့ ဒေါ်ခခက "ဒီလိုဝင်ပြိုင်ဖို့ ထောက်ခံရတာက အလုပ်သမားတွေရဲ့ အခြေအနေမှန်ကို တင်ပြမဲ့ ကိုယ်စားလှယ် အရမ်းအရေးတကြီး လိုနေပါတယ်။ အလုပ်သမားအရေးကို စိတ်ဝင်တစားနဲ့ ကွင်းဆင်းဖော်ထုတ်ပေးပြီး ဆုံးဖြတ်ပေးမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လက်ရှိအချိန်ထိ မရှိသလောက်ရှားတယ်။ ဒါကြောင့် အလုပ်သမား၊ လယ်သမားတွေရဲ့ အခွင့်အရေးတွေ အခြေအနေမှန်ကို လွှတ်တော်တွင်းမှာ ပြောဆိုနိုင်မဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပေါ်ထွက်လာဖို့ ပံ့ပိုးဆာင်ရွက်သွားမယ်"လို့ ပြောပါတယ်။ လယ်သမား၊ အလုပ်သမားအရေးကို စိတ်ဝင်တစားလုပ်မဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပေါ်ပေါက်ဖို့အတွက် အလုပ်သမားအဖွဲ့စည်းတွေက အခု ၂၀၂၀ ကနေ ပထမအကြိမ် ခြေလှမ်း စတင်တာပါ။ လက်ရှိမှာ ရွေးကောက်ပွဲအတွက် အလုပ်သမားအဖွဲ့ချုပ်တွေအနေနဲ့ စက်မှုဇုန်အများဆုံးရှိတဲ့ မြို့နယ်တွေနဲ့ လယ်သမားတွေရှိတဲ့ မြို့နယ်တွေကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာပါ။ သတင်း - ဇာခြည်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024