Home
မြန်မာသတင်း
ရေနံချောင်းတွင် ကမ်းပြိုနေအိမ် ၃၀ ကျော်နှင့် ဘုန်းကြီးကျောင်း ရွှေ့ပြောင်းရန် အခက်တွေ့
DVB
·
July 6, 2020
000000
106969312_2361165090851605_6512216898268500167_n
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ လမ်းကူးကျေးရွာမှာ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါး ပြိုကျနေတဲ့အတွက် နေအိမ် ၃၀ ကျော်နဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ရွှေ့ပြောင်းဖို့ အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လမ်းကူးကျေးရွာ ရွာခွဲတာဝန်ခံ ဦးနိုင်ဝင်းက “ဧရာဝတီမြစ်ရေတိုက်စားတာကြောင့် ကမ်းပါးပြိုကျလို့ နေအိမ် ၃၀ ကျော်လောက်ကို ကိုယ်ထူကိုယ်ထ ရွှေ့ပြောင်းနေရတော့ ဘုန်းတော်ကြီးကျောင်း ရွှေ့ပြောင်းပေးဖို့ အခက်ခဲဖြစ်နေတာပါ။ ကုန်းမြင့်တဲနေရာမှာရှိတဲ တောင်သူတွေထံ ယာကွက်တွေကို တစ်ဧကကို သိန်း ၃၀ ကျပ်နဲ့ဝယ်ယူပြီး မြေကွက်ရိုက် ရွှေ့ပြောင်းပေးနေပြီး တစ်အိမ်ထောင်ကို ၃ သိန်းကျပ်ကုန်ကျမယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကတော့ ဖျက်ပြီးတဲ့နေအိမ်တွေအတွက် တစ်အိမ်ကို သုံးသိန်းကျပ်နှုန်း၊ လူတစ်ဦးကို ဆန်ရိက္ခာဖိုး ၂၁၀၀ ကျပ်နှုန်းစီ ထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်။ လမ်းကူးကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးနန္ဒိယက “ဘုန်းကြီးကျောင်းကို ဖျက်ပြီး ပြန်ဆောက်မယ့် စရိတ်က ၅၅ သိန်းကျပ်ကုန်ကျမယ့်အပြင် မြေနေရာ တစ်ဧ်ကို ကျပ်သိန်း ၃၀ ကုန်ကျမှဖြစ်တဲ့အတွက် ရပ်သူရွာသားတွေကလည်း စီးပွားရေးချို့တဲ့ကြတော့ ပြောင်းရွှေ့ဖို့ အခက်ခဲ ဖြစ်နေတယ်။ လတ်တလောအခြေနေမှာ ဘုန်းကြီးကျောင်းအတွက်မြေနေရာဝယ်ယူဖို့နဲ့ ကျောင်းပြန်ဆောက်ဖို့ အလှူရှင်လိုအပ်တယ်” လို့ မိန့်ပါတယ်။ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ကတော့ “နေအိမ်တွေရွှေ့ပြောင်းပေးဖို့အတွက် မြေနေရာ တစ်ဧကကို သိန်း ၃၀ ကျပ်နဲ့ ညှိနှိုင်းပေးပြီး ထောက်ပံငွေ တစ်သိန်း ကျပ်နဲ့ဆိုရင် တစ်အိမ်ကို နှစ်သိန်းကျပ်လောက်စိုက်ရမယ်” လို့ ပြောပါတယ်။ ဘုန်းကြီးကျောင်းရွှေ့ပြောင်းဖို့ကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ရန်ပုံငွေရှာဖွေပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ လမ်းကူးကျေးရွာမှာ စာရင်းပေါက် အိမ်ခြေ ၅၀ ကျော်ခန့်ရှိပြီး အိမ်ခွဲတွေနဲ့ဆိုရင် အိမ်ခြေ ၈၀ ကျော်လောက်နေထိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024