ပါကစ္စတန် ကျောက်မီးသွေး အလုပ်သမားများအတွက် အလင်းရောင် မရှိသေး
DVB
·
May 23, 2013
ပါကစ္စတန် ဘလူချီစတန်ပြည်နယ်ဟာ ဓာတ်သတ္ထုပေါကြွယ်ဝပါတယ်။ ဒါပေမယ့် မိုင်းတွင်းတွေကတော့ လုံခြုံရေး အဆင့်အတန်း ညံ့ဖျင်းတာနဲ့ လေ၀င် လေထွက် မရှိတာတွေကြောင့် နာမည်ပျက်နေပါတယ်။ ဒီနှစ် ဇန်န၀ါရီလမှာ မီသိန်းဓာတ်ငွေ့ပေါက်ကွဲပြီး ကျောက်မီးသွေးတွင်း အလုပ်သမား ၈ ယောက် သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် တခြားအလုပ်မရနိုင်တဲ့ အတွက် အလုပ်သမား အတော်များများအတွက်ကတော့ တခြား အလုပ်အကိုင်လည်း ရွေးချယ်စရာ မရှိသေးပါဘူး။
သတင်းထောက် မူဒါဆာရှားက ဘလူချီစတန်က မြေအောက် မီတာ ၆၀၀ မှာ အလုပ်လုပ်နေကြတဲ့ အဲဒီ အလုပ်သမားတွေရဲ့ ဘ၀ကို သွားရောက် လေ့လာထားပါတယ်။ ယုယမိုး တင်ဆက်ပေးထားပါတယ်။