ကိုဗစ်-၁၉ လူနာအမှတ် ၃၁၁၊ ၃၁၂ တို့နှင့် ထိတွေ့ခဲ့သူ ၁၁ ဦးကို Quarantine ထားရှိ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က ကိုဗစ်-၁၉ ပိုးတွေ့လူနာအမှတ် ၃၁၁ နဲ့ ၃၁၂ တို့နှစ်ဦးနဲ့ ထိတွေ့ခဲ့သူ ၁၁ ဦးကို ကမာရွတ်မြို့နယ်ရှိ Quarantine Center ကို ပို့ဆောင်ပြီး အသွားအလာကန့်သတ်ထားတယ်လို့ သိရပါတယ်။ အုပ်ချုပ်ရေးမှူး ၃ ဦး၊ ယာဉ်မောင်း ၂ ဦး၊ စာရေး ၁ ဦးနဲ့ ထိတွေ့မှုရှိခဲ့သူ ၅ ဦးတို့ကို ဇူလိုင် ၄ ရက်နေ့ ညပိုင်းက ပို့ဆောင်ခဲ့တာဖြစ်ပြီး ၂၁ ရက် စောင့်ကြည့်သွားမယ်လို့ တိုက်ကြီးမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်သူဦးက ပြောပါတယ်။ လူနာအမှတ် ၃၁၂ က ဥက္ကံမြို့၊ မင်းရဲကျော်စွာရပ်ကွက်က ဖြစ်ပြီး ဇွန် ၂၄ ရက်နေ့က ထိုင်းနိုင်ငံက ပြန်လာသူဖြစ်ပြီး လူနာအမှတ် ၃၁၁ က ရေတွင်းဖြူ ကျေးရွာအုပ်စုက ဖြစ်ပြီး ဇွန် ၂၆ ရက်နေ့က လာအိုနိုင်ငံက ပြန်လာတာလို့ ဆိုပါတယ်။ ဇူလိုင် ၁ ရက်နေ့နဲ့ ၄ ရက်နေ့မှာ တိုက်ကြီးမြို့နယ်က ထိုင်း၊ လာအိုနဲ့ အင်္ဂလန်နိုင်ငံက ပြန်လာသူ အမျိုးသား ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၁၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၄၀ ဦး၊  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ  ၂၂၆ ဦးနဲ့  စောင့်ကြည့်လူနာအသစ် ၃၃ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မေသွယ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up