ချင်းပြည်နယ်တွင် လူငယ် မဲဆန္ဒရှင် ၇ သောင်းခန့်တိုးလာ

ချင်းပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနိုင်မယ့် လူငယ် မဲဆန္ဒရှင် ၇ သောင်းလောက် ထပ်တိုးလာတယ်လို့ သိရတယ်။ သန်းခေါင်စာရင်းအရ လူငယ် မဲဆန္ဒရှင် ၅ သောင်းရှိပေမဲ့ ပြင်ပမှာထွက်ခွာတဲ့ လူငယ်တွေနဲ့ဆိုရင် လူငယ် မဲဆန္ဒရှင် ၇ သောင်းရှိပြီး ပြင်ပကနေ ပြန်လာတဲ့အပေါ်မူတည်ပြီး လူငယ် မဲဆန္ဒရှင် အတိအကျဖော်ပြနိုင်မယ်လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ဦးလင်းကျော်က ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအချိန်က ချင်းပြည်နယ်မှာ မဲဆန္ဒရှင် ၂၇၃၆၇၃ ရှိရာကနေ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၃ သိန်းခွဲလောက် ရှိလာမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ကာကွယ်ရေးစနစ်နဲ့အညီ မဲရုံတွေလည်း ထပ်တိုးလာမယ်လို့ သိရပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း မဲရုံ ၁၀၃၁ ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံ ၆၃ ခု ထပ်မံတိုးဖို့ ရှိတယ်လို့ ဦးလင်းကျော်က ပြောပါတယ်။ “အခုဟာက ၁၀၉၄ ရုံသတ်မှတ်ပေမဲ့ ကိုဗစ်-၁၉ ကာကွယ်တဲ့အနေနဲ့ မဲဆန္ဒရှင်တွေ လူကျဲကျဲ နဲ့ပေးနိုင်ဖို့ စီစဉ်နေတာဖြစ်တယ်။ အခုလည်း ထပ်တိုးဖို့ရှိသေးလို့ သက်ဆိုင်ရာမြို့နယ်အလိုက် ဒီကိစ္စနဲ့ အစည်း အဝေးလုပ်နေတယ်” လို့ပြောပါတယ်။ လူငယ်မဲဆန္ဒရှင် ၇ သောင်းလောက် ထပ်တိုးလာတဲ့အတွက် လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း လူငယ်မဲဆန္ဒရှင် ၁ သိန်းခွဲလောက် ရှိလာမှာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အရည်အချင်းရှိပြီး တိုင်းပြည်နဲ့လူမျိုးအတွက် တကယ်အလုပ်လုပ်နိုင်မယ့်သူကိုပဲ မဲပေးမယ်လို့ လူငယ်အမျိုးသမီး မိုင်ဗျက်သင်းကြွယ်က ပြောပါတယ်။ တွီဒိမ်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up