မန်ယူက ဘုန်းမောက်ကို ၅-၂ ဂိုးဖြင့် အနိုင်ရ၊ ပရိသတ်ရှိပါက ဂိုးပိုသွင်းနိုင်မည်ဟု နည်းပြသုံးသပ် (ရုပ်သံ)

ပရိသတ်တွေသာ ကွင်းထဲမှာရှိရင် ဂိုးပိုသွင်းနိုင်လိမ့်မယ်လို့ မန်ယူနိုက်တက် နည်းပြဆိုးလ်ရှားက ပြောပါတယ်။  မန်ယူအသင်းဟာ ဘုန်းမောက်အသင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။  ဘုန်းမောက်အသင်းက ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပေမယ့် လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်က ၂ ဂိုး၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဖာနန်ဒက်စ်တို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာပါ။  ဦးဆောင်ဂိုး စတင်ပေးလိုက်ရပေမယ့် စိုးရိမ်မှုမရှိခဲ့ဘဲ ဂိုးတွေသွင်းယူနိုင်မယ်ဆိုတဲ့ ယုံကြည်မှုရှိခဲ့တယ်လို့ ဆိုးလ်ရှားက ပွဲအပြီးမှာပြောပါတယ်။  အသင်းရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး အလွန်အားရကျေနပ်ကြောင်း၊ ပရိသတ်တွေသာ ကွင်းထဲမှာ ရှိနေမယ်ဆိုရင် အခုထက်ပိုပြီး ဂိုးတွေသွင်းယူနိုင်မယ်လို့လည်း ဆိုးလ်ရှားက ဆိုပါတယ်။  ၂ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုး ရှိသွားပါတယ်။ အသက် ၁၈ နှစ်နဲ့ ၁၈ နှစ်အောက်ကစားသမားတွေထဲမှာ မိုက်ကယ်အိုဝင်၊ ရော်ဘီဖောင်လာနဲ့ ဝိန်းရွန်းနီတို့ပြီးရင် ဂရင်းဝုဒ်က ဂိုးအများဆုံး သွင်းယူထားသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up