Home
မြန်မာသတင်း
လူနာအမှတ် ၂၂၂၊ ၂၈၉ နှင့် ၂၉၀ တို့ကို ဒုတိယအကြိမ်စစ်ဆေးချက်အရ ရောဂါပိုးမတွေ့
DVB
·
July 5, 2020
ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက လူနာအမှတ် ၂၂၂၊ ၂၈၉ နဲ့ ၂၉၀ တို့ကို ဒုတိယအကြိမ် ဓာတ်ခွဲနမူနာစစ်ဆေးချက်အရ ပိုးမတွေ့ရှိဘဲ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၂၄၀ ရှိပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၄ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၂၁၇ ခု စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရဘူးလို့ ဆိုပါတယ်။ မနေ့ညက ပထမသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၆၅၅ ခု၊ ဆေးသုတေသနဦးစီးဌာနက ၂၂၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)က ၂၇၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)က ၂၂၆ ခု နဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ က ဓာတ်ခွဲနမူနာ ၂၂၇ ခု စုစုပေါင်း ၁,၅၉၉ ခုကို  စစ်ဆေးရာမှာတော့ လူနာသစ် ၇  ဦး ထပ်တွေ့ခဲ့ပါတယ်။ လူနာသစ်တွေကတော့ အိန္ဒိယက ပြန်လာတဲ့ တပ်မတော်သား သင်တန်းသား စစ်သည် ၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ အမျိုးသား ၃ ဦး၊ လာအိုကပြန်လာတဲ့ အမျိုးသား ၁ ဦး၊ ထိုင်းက ပြန်လာတဲ့ အမျိုးသား ၁ ဦးနဲ့ စင်ကာပူက ပြန်လာတဲ့ အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြပြီး အားလုံးဟာ အသွားအလာကန့်သတ်ထားရှိခံနေရသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၁၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၄၀ ဦး၊  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ  ၂၂၆ ဦးနဲ့  စောင့်ကြည့်လူနာအသစ် ၃၃ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဒသမ ၁၃ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၃ သောင်းကျော်နဲ့ ရောဂါသက်သာ ပျောက်ကင်းသူ ၆ ဒသမ ၄ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024