ကမ္ဘာတဝန်း ကိုဗစ်-၁၉ လူနာ ၁၁.၁ သန်းကျော်နှင့် သေဆုံးသူ ၅၂၀,၀၀၀ ကျော်ရှိလာ

1.4K
ကမ္ဘာတဝန်း ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေဟာ ဇူလိုင် ၄ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁.၁ သန်း ကျော်နဲ့ သေဆုံးသူ ၅ သိန်း ၂ သောင်းကျော်ရှိပြီလို့ သိရပါတယ်။
ရောဂါကူးစက်မှုနှုန်းဟာ နှစ်စဉ်မှတ်တမ်းတင်ထားတဲ့ ပုံမှန်တုပ်ကွေးရောဂါ ဖြစ်နှုန်း ထက်လည်း နှစ်ဆကျော် မြင့်မားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆိုပါတယ်။
ကမ္ဘာမှာ ကပ်ဘေးကြောင့် အထိခိုက်အခံရဆုံးနိုင်ငံတွေက လော့ဒေါင်းချထားတာတွေ ပြန်ဖြေလျှော့နေပေမဲ့ ကိုဗစ်-၁၉ အတွက် ဆေးကို တနှစ်ကျော်ကျော်ကြာမှ ရဖို့ရှိပါတယ်။
ကျွမ်းကျင်သူတွေကလည်း ကိုဗစ်ကပ်ဘေးဟာ တချို့နိုင်ငံတွေမှာ ကူးစက်နှုန်းပြန်မြင့်လာ လို့ လော့ဒေါင်း ပြန်လုပ်နေရတာတွေရှိပြီး ဒီပုံစံအတိုင်းဆို ၂၀၂၁ မှာလည်း ထပ်ပေါ်လာ နိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံက အတည်ပြုလူနာ ၂ ဒသမ ၈ သန်းကျော်နဲ့ အများဆုံးဖြစ်ပြီး သေဆုံးသူက ၁ သိန်း ၃ သောင်းကျော်ရှိပြီ ဖြစ်ပါတယ်။
ဘရာဇီးလ်နိုင်ငံက အတည်ပြုလူနာ ၁. ၅ သန်းကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး သေဆုံးသူ ၆ သောင်း ၃ ထောင် ကျော်ရှိပါတယ်။
ရုရှားနိုင်ငံကတော့ တတိယအများဆုံးဖြစ်ပြီး အတည်ပြုလူနာ ၆၆၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၉၈၀၀ ကျော်ရှိပြီလို့ သိရပါတယ်။