DVB Logo
Home
မြန်မာသတင်း
မဲခေါင်မြစ်အတွင်း မူးယစ်သံသယရှိသူ ၈၁၂ ဦး ဖမ်းဆီးထား
DVB
·
May 22, 2013
Donate to DVB

တရုတ်၊ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ မဲခေါင်မြစ်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေး လှုပ်ရှားမှုကနေ သံသယရှိသူ ၈၁၂ ဦးကို ဖမ်းဆီးထားပါတယ်။

ဧပြီ ၁၉ ရက်နေ့က စတင်တဲ့ လှုပ်ရှားဆောင်ရွက်ချက်ကနေ မူးယစ်ဆေးဝါး တန်ချိန် ၁.၉၃ တန်နီးပါး အပါအ၀င် လက်နက်တွေကိုလည်း သိမ်းဆီးရမိတဲ့အကြောင်း ဒီလှုပ်ရှားမှုကို ဆောင်ရွက်နေတဲ့ ယူနန်ခရိုင် အနောက်တိုင်းပိုင်း ဌာနချုပ်က ပြောခွင့်ရကို ကိုးကားပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ် စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

သံသယရှိလို့ ဖမ်းဆီးထားတဲ့သူတွေကတော့ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်က လူတွေ ပါတယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို ဆက်သွယ်ရာမှာတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာလူမျိုး ဘယ်လောက်ပါသလဲဆိုတဲ့ အသေးစိတ် အချက်အလက်ကို မပြောနိုင်ပေမယ့် တခြား သီးခြား မူးယစ်ဆေးဝါးနဲ့ သံသယရှိလို့ လူ ၁၃ ဦးဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ် တခုမှာတော့  မြန်မာနိုင်ငံသား ၈ ဦးနဲ့ တရုတ် နိုင်ငံသား ၅ ဦး ပါတယ်လို့ ဆိုပါတယ်။

“သီးခြားဖြစ်ရပ် ၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ခင်ဗျားမြင်တဲ့ ဖြစ်ရပ်ကတော့ မဲခေါင် ပူးပေါင်း ထိန်းသိမ်းရေး လုပ်ရပ်ဖြစ်ပြီးတော့ သံသယရှိသူ ၈၁၂ ဦးဖမ်းဆီးခံခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံသား ဘယ်လောက်ပါနေသလဲ ကျနော် မသိပါဘူး။ သီးခြား ဖြစ်ရပ်တခုအနေနဲ့ လူ ၁၃ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်” လို့ လူထုလုံခြုံရေး အင်တာနက်စာမျက်နှာမှာ ရေးထားပါတယ်။

သံသယရှိတဲ့ မြန်မာ ၁၃ ဦးကို မြန်မာဘက်မှာ ဖမ်းဆီးခဲ့တယ်လို့ သူထင်ကြောင်းနဲ့ တရုတ် ၅ ဦးကို တရုတ်ဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒီလို ဒေသတွင်းမှာရှိတဲ့ မူးယစ်ဆေးဝါး အဆက်အသွယ်တွေကို နှိမ်နှင်းတာတွေ လုပ်ဆောင် ပြီးတဲ့နောက်မှာတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လုပ်ဆောင်တာတွေ ရပ်တန့် သွားတယ်လို့ အဲဒီထုတ်ပြန်ချက်က ရေးပါတယ်။

ရွှေတြိဂံကို ဖြတ်သန်းစီးဆင်းနေတဲ့ မဲခေါင်မြစ်ပေါ်မှာ မူးယစ်ဆေးဝါးသယ်ဆောင်တာတွေ ဖြစ်ပွားနေတာ ကာလ အတော်ကြာပြီ ဖြစ်ပါတယ်။

၂၀၁၁ အတွင်းမှာလည်း မဲခေါင်မြစ် ထိုင်းပိုင်နက်အတွင်းမှာ တရုတ် သဘောင်္သား ၁၃ ဦး အသတ်ခံရပြီးတဲ့နောက် ဒီကုန်သွယ်ရေးလမ်းကြောင်း လုံခြုံမှုနဲ့ ပတ်သက်ပြီးတော့ စိုးရိမ် ပူပန်တာတွေ ရှိခဲ့ပါတယ်။

၂၀၁၁ အောက်တိုဘာကနေစပြီးတော့ နိုင်ငံ ၄ နိုင်ငံက နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုနဲ့ မဲခေါင်မြစ်လုံခြုံရေးအတွက် အချိန်မှန် ကင်းလှည့်တာတွေ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013